[Unicode]
ဒီနေ့ကတော့ သူနှင့်ထယ်ယောင်းတို့ နှစ်ယောက် တစ်နေကုန် အတန်းချိိန် မတက်ဖြစ်ကြ။
အမြဲအတန်းမှန်လေ့ရှိသော သူတို့နှစ်ယောက်က မတက်ဖြစ်ကြသော်လည်း project ကိစ္စဖြစ်သည့်အတွက် ဆရာများကိုယ်တိုင်က ခွင့်ပြုကာ attendance ဖြည့်ပေးထားတာကြောင့် သိပ်တော့စိတ်မပူ။ဘာပဲဖြစ်ဖြစ် ဒီနေ့ သင်မဲ့စာတွေကလဲ သူကြိုကြည့်ပြီးသားတွေလေ။
အခုတော့ သူတို့နှစ်ယောက် ကျောင်းရှေ့ရှိ cafe ဆိုင်လေးတွင် ရောက်နေကြသည်။ သူတို့နှင့် အဖွဲ့ဖွဲ့ထားသော အတန်းဖော်နှစ်ယောက် မှာတော့ ရောက်မလာသေး။
Laptop လေးများကိုယ်စီနှင့် ဆွေးနွေးရန် စောင့်နေသော်လည်း အရိပ်အရောင်ပင် မတွေ့ရ။
ပေါ်လာမလား၊ ပေါ်လာမလားနှင့် စောင့်နေသော်လည်း မလာ။
တော်တော်ကြာမှ သူတို့၏ group chat တွင် ရေးထားသည်က နေမကောင်းလို့ ဟူ၍။
နေပါဦး။
နှစ်ယောက်လုံး တစ်ပြိုင်နက် နေမကောင်းဖြစ်တာက ဖြစ်နိုင်လို့လား?တာဝန်ယူမှုကို မရှိဘူး!
ဂျောင်ကုကတော့ စိတ်ဆိုးနေမိပါသည်။
သူက အချိန်ဆွဲတဲ့လူတွေ၊ ကိုယ့်တာဝန်ကို သူများတွေအား လွှဲချတတ်သူတွေကို အမုန်းဆုံးပင်။လုပ်ပေးလိုက်ရတာက ကိစ္စမရှိပေမဲ့ ဘာမှဝင်မကူပဲ အချောင် လိုချင်သည့်သူများ ကိုတော့ တကယ် စိတ်ပျက်မိပါသည်။
ရှေ့မှ ခပ်တည်တည်နှင့် ထိုင်နေသော ထယ်ယောင်းကို ကြည့်မိတော့ စိတ်မကျေနပ်ဟန်ပင် မပြ။ ထိုသူ့မျက်နှာမှ အလင်းတန်းတွေ ဖြာထွက်နေကာ တောက်ပနေသည်ဟုပင် ခံစားရသည်အထိ စိတ်အခြေအနေကောင်းနေပုံပင်။
ထယ်ယောင်းကတော့ တကယ်ကို စိတ်ကျေနပ်နေပါသည်။
အကြောင်းက ထိုမလာကြသော နှစ်ယောက်ကြောင့်။ ထိုသူနှစ်ယောက်က တကယ်ကို မိမိလုပ်သင့်တာကို နားလည်ကြသည်။
သူတို့ အဖွဲ့စတင်ဖွဲ့သော နေ့က ထိုနှစ်ယောက်နှင့် ထယ်ယောင်း သီးသန့်တွေ့ဆုံကာ သဘောတူညီချက် လုပ်ခဲ့သည်လေ။