Realize

653 91 73
                                    

[Unicode]

ဒီနေ့တော့ ထယ်ယောင်းတစ်ယောက် ကွန်ပြူတာရှေ့တွင် အလုပ်ရှုပ်နေသည်။

တိတိကျကျ ပြောရလျှင်တော့ စာကြည့်တိုက်မှ ကွန်ပြူတာတွင် လိုအပ်သည်ကို ရှာဖွေနေခြင်း။

97 %? ဘာလို့ 97 ပဲလဲ?

ထားပါတော့၊
ဒါတွေ စဉ်းစားရမယ့် အချိန်မှ မဟုတ်သေးပဲ။

တွေးရင်းနှင့် နောက်ထပ် link တစ်ခုကို ဖွင့်ကာ မေးခွန်းများကို ထိုင်ဖြေနေသည်။

ဖြေနေရသော အကြောင်းအရင်းလေး ကတော့ သူနှင့် မလှမ်းမကမ်းတွင် ထိုင်နေသော ကောင်လေးကြောင့်ပင်။

အခုတလော သူအရမ်းကို ထူးဆန်းလာသည်။

ဂျောင်ကု သူ့မျက်စိရှေ့မှ ပျောက်သွားသည်နှင့် သူ့မှာ မနေတတ်မထိုင်တတ် ဖြစ်လာကာ သူ့အနားမှာပဲ အမြဲရှိနေစေချင်သည်။

ထိုကောင်လေး ငြိုငြင်မည်ကိုလဲ လုံးဝမဖြစ်စေချင်သလို အမြဲတမ်း ပြုံးပျော်စေချင်နေသည်။

အဆောင်ခန်းက ကျန်နှစ်ယောက် အပေါ်တွင်တော့ ထိုသို့မဖြစ်။

သူတို့နှစ်ယောက် က အမြဲပြုံးပျော် နေကြပြီးသားလေ။

ထို့အပြင် အနားတွင် တကောက်ကောက်လိုက်ကာ အရမ်းကို ဂရုစိုက်ပေးချင်နေသည်လေ။

သူ့ဘဝမှာ ထိုသို့ တစ်ခါမှ မဖြစ်ခဲ့ဖူးသောကြောင့် သူ့မှာ ခေါင်းကိုက်နေရပါသည်။

ထို့အတွက်ကြောင့် NAVER ရှိ link များအား ဖွင့်ကာ မိမိကိုယ်ကို ဆန်းစစ်နေခြင်း။

'ယောကျာ်းလေး အချင်းချင်းကို မင်းက သူ့နောက်ကိုပဲ လိုက်ပြီး ကာကွယ်ပေးချင်နေတယ်?'

ထိုသို့ ရိုက်ကာ ရှာပြီးတော့ ကျလာသော link များအား ကြည့်ရှုကာ ဖြေကြည့်သည်။

ပထမဆုံး link မှ မေးခွန်းတွေကို ဖြေပြီးသောအခါ သူ့အား စိတ်တိုစေမည့် အဖြေတစ်ခု ထွက်လာခဲ့သည်။

'မင်းက stalker ဖြစ်နိုင်တယ်'

ဘာလ်ို့ သူက အဲ့လိုဖြစ်ရမှာလဲ?

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now