Ghosssttttttt!!!!!!

941 117 27
                                    

[Unicode]
ထို့နောက်ပိုင်း တွင်တော့ နှစ်ယောက်သား စကား ဆက်မပြော ဖြစ်ကြတော့ပဲ အဆောင်သို့သာ တန်းတန်းမတ်မတ် ပြန်လာဖြစ် တော့သည်။
အဆောင်သို့ ရောက်သော အခါတွင်တော့ တံခါးပင် မဖွင့်ရသေး။ တရှူံ့ရှူံ့ငိုသံလိုလို ကြားရသောကြောင့် ကျောပင်ချမ်း လာရသည်ပင်။

ထိုအသံတွေ ကြားမိတော့မှ ကျောင်းစစဖွင့်သော အပတ်တုန်းက တစ်ဆောင်လုံး ဂယက်ရိုက် သွားသော အဖြစ်အား သတိရမိသေးသည်။

ထိုနေ့က ည ၁နာရီလောက် အဆောင် အလယ်ထပ်မှ ဝေလငါးအော်သံ ကဲ့သို့ စူးရှနေသော
အသံနက်ကြီး ကြားသဖြင့် အဆောင် သုံးထပ် စလုံးမှ လူများအားလုံး ရုတ်ရက်ခတ်ကာ
အောက်ထပ်မှ လူများလဲ အလယ်ထပ်သို့ တက်၊
အပေါ်ဆုံးမှ လူများလဲ ပြေးဆင်းနှင့်ပင်။

နောက်မှ တွေ့လိုက်ရတော့ မေ့လဲနေသော
ဟျူးနင်းခိုင် နှင့် မတ်မတ်ကြီး ရပ်နေသော
ဂန်ထယ်ယွန်းတို့ပင်။ သူတို့ ပြောပုံအရတော့ ဂိမ်းဆော့နေရင်းမှ အပေါ့သွားရန် ထလာတုန်း သူတို့အား စူးစိုက်ကြည့်နေသော ဂါဝန်အဖြူနှင့် သရဲမအား မှန်ထဲမှ မြင်လိုက်ရသည်တဲ့လေ။

ထိုနေ့ကတည်းက အဆောင်မှ လူများက သန့်စင်ခန်း ဆိုလျှင်တောင် နှစ်ယောက်တစ်တွဲ သာသွားဖြစ်ကြသည်လေ။ ကင်မ်ထယ်ယောင်းကတော့ နောက်ကျမှ ရောက်လာသဖြင့် ဒါတွေ သိလောက်မည်မဟုတ်။

သူတို့ အဆောင်မှ တစ်ယောက်နှင့် တစ်ယောက် အမြဲကိုက်ကာ ရန်ဖြစ် နေကြသော ချွဲယွန်ဂျွန်း နှင့် ချွဲဆူဘင်းပင် နှစ်ယောက်တစ်တွဲ သွားကြတော့ တာပင်။

အဲ့ဒါတွေ တွေးမိမှ ပိုတောင် စိမ့်တက်လာသော ကျောကြောင့်

"မင်း မင်း မင်းကြားရလား"

ဘေးမှ မလှုပ်မယှက် လိုက်လာသူကြီး အား လှည့်မေးမိတော့ ဘာစကားမှ မဆိုဘဲ ခေါင်းပဲခါပြ လာသည်လေ။

သူ့ဘက်ကို လှည့်မေးသဖြင့် မကြားရကြောင်း ခေါင်းခါ ပြမိတော့ ဆက်မမေးတော့ပဲ အခန်းတံခါးနားသို့သာ တိုးကာ တံခါးနှင့် နားရွက်ကပ်ကာ အတွင်းမှ အသံများ နားထောင်နေပုံ ရသော ကောင်လေးကြောင့် ကြောင်ကြည့်နေမိသည်။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now