Slap!!!

870 114 50
                                    

[Unicode]
စင်နောက်တွင် ပြင်ဆင် နေကြ သူများကို လိုက်လံ စပ်စုနေသော ဆော့ဂျင်နှင့် ဂျီမင်းမှာတော့ မေဂျာ queen ကောင်မလေး နှစ်ယောက် အနားသို့ ရောက်နေလေပြီ။

စကားပြောပြီး ရင်းနှီးစေရန် ဂွင်ဖန်မလို့ ပေမဲ့

"အရမ်းတွေ မပြင်နေနဲ့တော့ နော်
မင်းလေးက အရမ်း လှနေလို့ သူများတွေ
ဝိုင်းကြည့်နေကြရင် ငါပဲ အရမ်းသဝန်တို နေရမှာနော် နော်"

"အာာာ ဟန်နီကလဲ ဟင်း ဟင်း"

ဘယ်လို စကားပြောတွေ ပါလိမ့်။

တစ်ယောက် ကလည်း စာသား အလန်းတွေနဲ့ ပြောနေသလို တစ်ယောက်ကလည်း ရှက်၍ ခေါင်းငုံ့ နေရင်းနဲ့။

ငါတို့များ တစ်ခုခု နှောင့်ယှက်မိလို့လား။

ဘေးမှာ ရှိတဲ့ သူတို့ နှစ်ယောက်ကိုလဲ သတိရပါဦး။

ဒီမှာ စကားလာပြောပြီး ကြူးမဲ့ နှစ်ယောက်က မတ်မတ်ကြီး။

"အာာ နင်တို့ ဒီနေ့ အရမ်းလှနေတယ်နော် ဟီး ဟီး"

ဂျီမင်းရှီမှ မျက်နှာချိုလေး သွေးကာ ပြောမိ သော်လည်း မင်းသားဝတ်စုံနှင့် တစ်ယောက်ဆီမှ မျက်စောင်းက ဒိုင်းခနဲ။

အကြည့်နဲ့ လူသတ်တယ် ဆိုတာ ဒါမျိုးများလား။

"ဟျောင့် ဟျောင့် သွားရအောင်။ ဂျောင်ကုတို့လဲ ပြီးပြီ"

ဘေးမှ ဆော့ဂျင် မှ အခြေအနေ မကောင်းမှန်း ရိပ်မိသဖြင့် အရိပ်အခြေပြကာ ပြောတော့

"အာာ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။"

"ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်လဲ kingရွေးချယ်ပွဲထဲ ပါတယ်ဗျ။
ကျွန်တော့် လောက်တော့ မချောပေမဲ့လေ ဟဟ အားပေးဦးနော်
ဟင်း ဟင်း"

လှည့်ထွက်ခါနီး ကပ်တိုးလေး ကြွားနေသော
ဆော့ဂျင်ကို ပြန်ဆွဲကာ သူတို့နှစ်ယောက်လဲ
ပွဲကြည့်စင်ရှေ့ သို့သာ ထွက်ခဲ့ကြတော့သည်။

ဆက်နေရင်လဲ ထရိုက်ခံရတော့မည်လေ။

အခုဆိုရင်တော့ သူတို့၏ မောင်မယ်သစ်လွင်
ကြိုဆိုပွဲ က စတင်နေပြီဖြစ်သည်။ အရင်ဆုံး
မိန်းကလေး မေဂျာ Queen အတွက်ဖြစ်တာကြောင့် လူအားလုံးမှာ စင်ပေါ်သို့သာ ငေးကြည့်နေကြလေသည်။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now