Truth Or Dare II

833 101 51
                                    

[Unicode]

               

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

               

အခန်း ၉၀၁ ၏ ပုံစံ နဲ့ သူတို့ထိုင်နေပုံ(မမြင်မှာ စိုးလို့ပါရှင်)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အခန်း ၉၀၁ ၏ ပုံစံ နဲ့ သူတို့ထိုင်နေပုံ
(မမြင်မှာ စိုးလို့ပါရှင်)

အခုဆိုရင်တော့ ဂျောင်ကုတို့ အဆောင်ခန်းကျဉ်း လေးထဲတွင် လူ ၈ ဦးက ကျပ်ညပ်လို့။
သူတို့၏ နှစ်ထပ် ကုတင်တွေ ကြားမှ နေရာလွတ်လေးတွင် ဆော့ဂျင်အိမ်မှ သယ်လာသော ဖျာလေးခင်းကာ ဝိုင်းထိုင်နေရသည်လေ။

ကုတင်တွေကြားမှ လျှောက်လမ်းက နည်းနည်း ကျယ်နေလို့သာ တော်တော့သည် မဟုတ်လျှင် မမြင် မစမ်းနှင့် သူတို့ ဘဝ က မတွေးရဲစရာပင်။

မီးကလဲ ပျက်နေသဖြင့် ဓာတ်မီးကြီး နှစ်ခုကိုသာ ပူးကာ စာကြည့်စားပွဲ ပေါ်တွင် ထောင်ထားရသည်။ အလင်းရောင် နည်းနည်း ရလိုရငြား ပေါ့လေ။

ကင်မ်ချီဟင်းရည်၊ ပဲခေါက်ဆွဲ၊ ကြက်ကြော် နှင့် ဘီယာ အစရှိသဖြင့် အစုံအလင်ကတော့ စချပေး ကတည်းက ကို အငမ်းမရ စားသောက်နေကြလျက်။

"ဖြေးဖြေးစားကြပါဟ နင်နေဦးမယ်"

"ဖြေးဖြေးစားရင် ငတ်ကုန်မှာပေါ့"

"အေးလေ သူကျတော့ စွတ်စားနေပြီးတော့"

"ကျေးဇူး ဆော့ဂျင်နီး ဟီးဟီး"

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now