J is in the air

813 99 111
                                    

[Unicode]

"ဟိုနားလေးမှာ သွားစောင့်နေ
ငါလက်မှတ်ဖြတ်လိုက်ဦးမယ်"

ဂျောင်ကု လက်ညိုးထိုးပြရာ နေရာကို ကြည့်လိုက်တော့ လက်မှတ်ရုံရှေ့က ခုံတန်းလေး။ ထိုခုံတန်းလေးတွင် ထိုင်နေကြသူများကလည်း ဘေးရှိ ကစားကွင်းမှ ကလေးလေးတွေချည်း။

ထိုကလေးတွေကလည်း သူတို့နှစ်ယောက် ပြောနေသည်ကို မြင်တော့ လှမ်းကြည့်နေကြသည်။

"ငါဝယ်ရမလား မင်းစောင့်နေလေ"

"မင်းက ဘယ်လို လက်မှတ်ဖြတ်ရမယ် ဆိုတာ သိလို့လား"

"အင်း"

ဂျောင်ကုကို ထိုင်စောင့်နေရန် ပြောနေသော ထယ်ယောင်းပုံစံက အခုမှ ရုပ်ရှင်ရုံရောက်ဖူးမှန်း အလွန်သိသာနေသော်လည်း ခပ်တည်တည်ပင်။ 'အင်း' ဟု ဖြေသည်က်ိုပင် မထစ်မငေါ့ပဲ ဖြေသွားသော ထယ်ယောင်းက အဆင်ပြေပါ့မလား။

ထယ်ယောင်းကတော့ သူ့အားလှည့်ပင် မကြည့်ပဲ လက်မှတ်ကောင်တာသို့ သွားနေလေပြီ။ အဆင်ပြေမှာပါလေ အဲ့လူက မလုပ်တတ်တာ မရှိဘူးမလား။

"လက်မှတ်ကောင်တာမှာ နှစ်ယောက်စာ လက်မှတ်ဖြတ်ဖို့ပြော၊ ပြီးရင် ရပ်နေ..လွယ်သားပဲ"

ဖုန်းအား လက်တစ်ဖက်ဖြင့် ကိုင်ကာ လက်မှတ်ဖြတ်နည်းတွေအား ရှာကြည့်မိတော့ သိပ်မခက်။

"လက်မှတ်.."

"ရှင်?"

"လက်မှတ်နှစ်စောင် ပေးပါ"

ကောင်တာသို့ ရောက်သည်နှင့် လက်မှတ်ဟု ပြောနေသော ထိုသူက အတော်ကြည့်ကောင်းလှသည်မို့ ငေးနေမိပေမဲ့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်လှသည်။ ခပ်တည်တည်နှင့် လက်မှတ်မှာနေသော ထိုသူက ဘယ်အချိန်၊ ဘယ်ဇာတ်ကား ဘယ်နေရာ တစ်ခုမှမပြောပဲ ဇွတ်မှာနေသည်လေ။

"ဟိုလေ ဒီကအစ်ကိုက ဘာဇာတ်ကားအတွက် လက်မှတ်မှာတာလဲရှင့်? ပြီးတော့ ဘယ်အချိန်ကြည့်မှာလဲ?"

အရောင်းစာရေးမလေးက မေးတော့မှ သူသတိရသည်။ ဘာမှကို မမေးမိဘူးပဲ။

"ခဏ.."

ခဏဟုဆိုကာ ခြေလှမ်းကြဲကြီးများဖြင့် ပြန်လှည့်ထွက်သွားသော သူက ရှေ့နားက ခုံတန်းလေးဆီသို့ ဦးတည်လျက်။ စာရေးမလေးကတော့ ထိုအချိန်လေးကြားတွင် ဘေးရှိ သူငယ်ချင်းမနှင့် လှမ်းစကားပြောလိုက်သေးသည်။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now