It's bleedinggg!!!

884 110 56
                                    

[Unicode]

အခုဆိုရင်တော့ သူတို့ ပိတ်ရက်များ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ထုံးစံအတိုင်း ပြန်လည်ပတ်ကာ အတန်းများ ပြန်စနေပြီဖြစ်သည်။

ပုံမှန်ဆိုလျှင် လေးယောက်တူတူ သွားလေ့ရှိသော်လည်း အခုတော့ ဂျောင်ကုနှင့် ထယ်ယောင်းသာ မနက်စာစားရန် သွားနေရသည်။

အကြောင်းကတော့ သူတို့ အခန်း၏ အမူးသမား နှစ်ယောက်မှာ မနေ့ကလဲ ထပ်သောက်ကြသဖြင့် မထနိုင်သောကြောင့်။ နေ့လည် အတန်းချိန်မှသာ လာတက်တော့မည် ဆိုသဖြင့် သူတို့ နှစ်ယောက်ထဲ ထွက်လာရတော့သည်လေ။

နှစ်ယောက်စလုံးမှာလဲ လမ်းသာ လျှောက်နေတာ လေထုကြီးမှာ အတော်ပင် ကို့ရို့ကားယား နိုင်လှပါသည်။ သူတို့က အမြဲတမ်း လေးယောက် တူတူသွားနေကျမလို့ တကယ်ကို တစ်မျိုးကြီးပင်။

"ဟိုလေ မနက်စာကို ကျောင်းကန်တင်းမှာပဲ စားကြမှာလား??"

တိတ်ဆိတ်နေလျှင် မနေတတ်သူ ပီပီ ဂျောင်ကုလဲ စကားစမိတော့သည်။ သူစပြောလိုက်မှ လှည့်ကြည့်လာသော ဘေးမှ ထယ်ယောင်းကတော့ တည်ငြိမ် သော မျက်နှာ အမူအရာဖြင့်သာ။

မျက်လုံးများအား သေချာကြည့်လျှင်တော့

'အင်းလေ အခုလဲ အဲ့ဘက် သွားနေတာပဲ မဟုတ်လား' ဟု
ပြောနေသည်အား မြင်တွေ့ရပေမည်။

ထိုသို့သော မျက်လုံးများအား မြင်တွေ့လိုက် သော အခါမှ ဂျောင်ကုမှာလဲ တကယ်ပင် ရှက်သွားရတော့သည်။

ဟုတ်သည်လေ။ သူတို့ အဆောင်က ထွက်ကတည်းက ကျောင်းထဲက ကျောင်းကန်တင်းဆီပဲ ဦးတည်ပြီး လာခဲ့တာကို။

စကားမရှိ စကားရှာ ပြောမိကာမှ ဒါလေးတောင် မသိဘူးလား ဟူသော ရုပ်နှင့် ပြန်ကြည့်ခံရပြီ။
ကိုယ့်အမှားကြောင့် ဆိုသော်ငြား အဲ့လိုပြန်ကြည့်လာတော့ နည်းနည်းလေး စိတ်ဆိုးမိသည်။

ထယ်ယောင်းလဲ လမ်းလျှောက်လာတုန်း ဘေးမှ ဂျောင်ကုက မေးလာသဖြင့် အံ့ဩသွားမိသည်။ သူတို့က ကျောင်းကန်တင်းဘက် ကိုပဲ လျှောက်နေတာ မဟုတ်ဘူးလားလေ။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now