[Unicode]
ဘာလိုလိုနှင့် သူတို့၏ ဂယောက်ဂယက် အဆောင်
ခန်း လေးလဲ တဖြေးဖြေး ရင်းနှီးလာကြသည်။ထယ်ယောင်း တစ်ယောက် ကတော့ အရင်အတိုင်း စကားသိပ်ဝင် မပြောသော်လည်း အေးတိအေးစက်တော့ မဟုတ်တော့။
ဒီနေ့တော့ သူတို့၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ ဖြစ်ကာ စောစော ကျောင်းသွားကြရမည် ဖြစ်တာကြောင့် သူတို့ တစ်ဆောင်လုံး အသံပေါင်းစုံ ဆူညံနေလျက်
"ဟျောင့် ငါ့အင်္ကျီပြန်ပေးးးးး"
"မြန်မြန် လုပ်ကြပါဟ...စီနီယာ အမကြီးတွေ ငမ်းချင်လှပြီ"
"သူများမေဂျာက queen တွေ ငမ်းချင်လှပြီ"
ဒါကတော့ Computer Science major ကျောင်းသား ကျောင်းသား အတိအကျပင်။
ဖြစ်ပုံကတော့ ပထမနှစ်တွင် သူတို့တစ်မေဂျာလုံး ပေါင်းမှ မိန်းကလေးနှစ်ယောက် သာရှိပြီး ထိုနှစ်ယောက်မှာလဲ သူတို့ အချင်းချင်းမှ လွဲလျှင် မည်သူမျှ လူထင်ပုံ မရ။
ထို့အတွက် ငမ်းမည်ဆိုလျှင် သူများမေဂျာမှသာ ငမ်းရတော့မည်လေ။
ထိုသို့ တစ်ဆောင်လုံး ရုတ်ရုတ်သဲသဲ ဖီးလိမ်းပြင်ဆင် နေကြသော်လည်း အခန်းနံပါတ် ၉၀၁ ကတော့ ငြိမ်သက်နေလျက်။
ငြိမ်သက်နေဆို တစ်ခန်းလုံးမှာ နိုးနေသူက ကင်မ်ထယ်ယောင်း တစ်ယောက်ထဲရယ်။ သူကလဲ ရေမိုးချိုး ပြင်ဆင်ပြီး ပေမဲ့ အခန်းဖော် သုံးယောက်ကား တုပ်တုပ်ပင် မလှုပ်ကြတာကြောင့် အတော်ပင် ဒုက္ခရောက် နေရသည်။
မေဂျာ ကင်း ရွေးချယ်ပွဲ မှာ ပါမည့် သူများအား မနက် ၈ နာရီ အရောက်လာရန် ပြောထားသော်လည်း အခုက ၈နာရီ ကို ၅မိနစ်ပင် စွန်းနေပြီလေ။ အမြဲ အချိန်တိကျသူ ဖြစ်သည့် အလျောက် ပုံမှန်ဆိုလျှင် သူ့ဘာသူသာ သွားလိုက်မည်ဖြစ် သော်လည်း အပေါ်ကုတင်မှ ကောင်လေးကတော့ အိပ်ပျော်လို့ကောင်းတုန်း။ ဘာလုပ်လုပ် နိုးမည့်ပုံ မပေါ်သော ထိုသုံးယောက်ကြောင့် သူလဲ အသံမြည်နိုင်မည့် နည်းပေါင်းစုံ သုံးရလေပြီ။ ထိုင်ခုံ စားပွဲခုံ တွေအား တစ်ဝုန်းဝုန်း လုပ်လဲ နိုးမလာ တကယ်ပါပဲ