[Unicode]
|ဆေးထိုးခံရပြီ|
အတန်းချိန်တွေပြီးတော့ ထိုသုံးယောက်မှာ နေ့လည်စာစားပြီး အဆောင်ပြန်ကြမယ် ဆိုကာ ထွက်သွားကြလေသည်။
သူ့ကိုလဲ ခေါ်နေသည်မို့ လိုက်သွားရန် ပြင်နေသော ဂျောင်ကုခမျာမှာတော့ ကော်လံအင်္ကျီစအား လှမ်းဆွဲထားသော လက်တစ်ဖက် ကြောင့် ယက်ကန် ယက်ကန်နှင့်ပဲ တက္ကသိုလ်ဆေးရုံသို့ ရောက်ခဲ့ရတော့သည်။
ဆေးရုံက သူတို့ ကျောင်းဝင်းနှင့် သိပ်မဝေးသော လမ်းမပေါ်တွင်ပင် တည်ရှိသည်မလို့ သူတို့နှစ်ယောက်လဲ စကားတစ်ခွန်းမှ မဆိုဖြစ်ကြပဲ လမ်းလျှောက်လာဖြစ်သည်။
"စိတ်ဆိုးနေတာလား?"
"ဟမ်! အာ စိတ်မဆိုးပါဘူး
ငါ့အတွက် လိုက်လာပေးလို့ မင်းကိုတောင် ကျေးဇူးတင်ရမှာပါ"အင်း အစကတော့ နည်းနည်းလေး စိတ်ဆိုးပါသည်။ သူက ဆေးမထိုးချင်ပါဘူး ဆိုမှလေ။
သို့သော်လည်း သီးသန့်ဆန်ဆန် နေတတ်သော ထယ်ယောင်းလို လူမျိုးက သူ့အား ထိုသို့ပြောလာသည် ဆိုတော့ သူ့သူငယ်ချင်းဟု တကယ်ပင် သတ်မှတ်ထားပုံ ပေါ်ပါသည်။
တခြားသူရဲ့ ကြင်နာမှုကို ပြစ်ပယ်တာက လူကောင်းတွေရဲ့ အလုပ်မဟုတ်ဘူးလေ။
ဆေးလေးခဏလောက် ထိုးတာပဲကွာ! ဂျွန်ဂျောင်ကု မင်းကယောကျာ်းပဲ မဟုတ်လား!!! မကြောက်ဘူးကွ!!! ဟားဟား
စိတ်ထဲမှ ထိုသို့တွေးမိတော့ နည်းနည်းတောင် ပေါ့ပါးလာသလိုလို~
ထို့နောက် သူလည်း ဒီနေ့မှစပြီး ထယ်ယောင်းနှင့် တည့်တည့်ရှုရှုနေကြည့်ရန် စဉ်းစားမိသည်။
အရင်ကလဲ သူတို့က ရန်ဖြစ်နေတာ မဟုတ်သလို ကင်မ်ထယ်ယောင်းက တကယ် လူကောင်းတစ်ယောက်မှန်းလဲ သိလာရသည်လေ။
"အင်း
အဲ့ဒါဆိုလဲ ပြီးတာပဲ"ထယ်ယောင်းမှ ထိုစကားဆိုပြီးချိန်တွင်တော့ သူတို့မှာ ဘာမှ ဆက်ပြောစရာ မရှိတော့။
ဒီလို လေထုကြီးကို မကြိုက်ပါဘူး ဆိုမှပဲ....
တက္ကသိုလ်ဆေးရုံသို့ ရောက်တော့လဲ ကာကွယ်ဆေး ထိုးရန် အတွက် ဆောင်ရန်၊ ရှောင်ရန်များကို ဆရာဝန်များနှင့် ပြိုင်ငြင်းကာ ပြောဆိုနေသေးသဖြင့် သူ့မှာ ဆွဲထားရသေးသည်။