We would make a perfect....

964 131 22
                                    

[Unicode]

'စိတ်ထိန်း ဂျောင်ကုရား စိတ်ထိန်း'

ဂျောင်ကု စိတ်ထဲတွင်တော့ အတော်လေး စိတ်တိုနေပြီပင်။ မျက်နှာလေးပင် နီရဲနေလျက်။ ဆော့ဂျင်တို့ကို လှမ်းကြည့်မိတော့ စိတ်လျှော့ပါ သူက အဲ့လို စိတ်ပူ လို့ပါ ဆိုတဲ့ အမူအရာ ကို တိတ်တိတ်လေး လက်ဟန်ပြနေ လေသည်။ ရှေ့က လူကို ပြန်ကြည့်မိတော့ မှ စိတ်တွေ ပိုပိုတို လာသလို။ ခပ်ကြောင် ကြောင် ပုံစံနဲ့ အမှန်တကယ် သိချင်နေသလို ပုံနဲ့လေ။

တကယ်ပါ အံ့ဩဘ။

ထယ်ယောင်းကတော့ တကယ် စိတ်ပူလို့ မေးလိုက် တာပေမဲ့ ရှေ့က ကောင်လေးကတော့ မျက်နှာလေး နီရဲပြီး ဆူဆူဆောင့်ဆောင့် ပြန်ကြည့်လာလေသည်။
'ဘာလဲ ရှက်သွားတာလား' ဟု တွေးမိတော့ တစ်ချက် နှုတ်ခမ်းတွန့်ရုံ ပြုံးမိပြီး နှစ်သိမ့်ပေးလိုက် မိသည်။

"မရှက်ပါနဲ့၊ ညအမှောင် ကြောက်တာ ရှက်စရာ မဟုတ်ဘူး"

ဒီလို စကားတွေ ထွက်လာတော့ သူ့ဘာသာသူ တောင် အံ့ဩရသည်၊ လေကုန် အာညောင်းခံ ရတာ အရေမရ အဖက်မရ ဟု ယူဆကာ စကားရှည်ရှည် မပြောတတ်သော သူက အရှည်ကြီး ပြောလိုက်ပြီလေ။

'ဝုန်း'

ဂျောင်ကု ၏ စိတ်ရှည်သည်းခံမှု တောင်ကြီး ပြိုကျသွားခြင်းပင်။ ဒါ သက်သက် စိန်ခေါ်နေတာ ဟုပင် ထင်မိသည် အထိ။

'နင့်မေကြီးတော်ကို ရှက်ပါလား၊ ဘယ်ကောင်မှ မကြောက်တတ်ဘူး၊ မင်းပဲကြောက်နေလိုက်'

စိတ်ထဲတွင်တော့ ထိုမျက်နှာ ချောချော အား အချက် ပေါင်း များစွာ ဆင့်ကာ ဆွဲကုတ် ပြီးနေလေပြီ။

အပြင်တွင်တော့ မျက်နှာ ချိူချို လေးဖြင့် ပြုံးပြကာ

"ကျွန်တော်က ကြောက်တတ် တယ်လေ၊
ညက မှောင် နေတော့လေအရမ်းကြောက်တာပဲ၊ နောက်ဆို မင်း လာခေါ်ပေး မလားဟင်၊
ကင်မ် ထယ် ယောင်း ရှီ..."

မျက်တောင်လေးများ ပုတ်ခတ် ပုတ်ခတ် နှင့် တမင်ကို ပြောပစ်ပလိုက် သည်၊
ဟွန်း ငါစိတ်ဆိုး တယ် မင်းကို

ကင်မ်ထယ်ယောင်းရှီ ဆိုတာကို အံကြိတ်ပြီး သွားကြားမှ ထွက်သော အသံဖြင့် ဖိပြောကာ အဲ့လူကို စိတ်မတိုတို အောင် ပြောမိလေတော့လဲ

FAIRYTALE ✔︎ 🅅🄺Nơi câu chuyện tồn tại. Hãy khám phá bây giờ