[Unicode]
သူတို့လဲ စတိုးသို့ အတူတူသွားဖြစ်ကြရင်း လိုအပ်သော ခေါက်ဆွဲထုတ်များသာမက အခြား စားသောက်စရာများ ဝယ်ကာ ပြန်ခဲ့ကြတော့သည်။
အဆောင်သို့ ရောက်တော့ မီးများ ပိတ်ထားကာ ဆော့ဂျင်ရော ဂျီမင်းပါ ရှိမနေ။ ဆော့ဂျင်ကတော့ ဂိမ်းဆိုင် သွားသည်မလို့ ညလုံးပေါက်ဆော့တော့မည် ထင်ပါသည်။
ဒါဆို ဂျီမင်းကရော??
ရောက်လာမှပဲ မေးပါတော့မည်လေ။
"ငါ ခေါက်ဆွဲပြုတ်မလို့။
စားမှာလား?"ဝယ်လာသော ပစ္စည်းများအား နေရာတကျထား ပြီးသည်နှင့် ဆာလောင်လာသော ဗိုက်အား ဖြည့်ရန် ဂျောင်ကု စဉ်းစားမိလေသည်။
ထို့ကြောင့် ထယ်ယောင်းအားလဲ အတူတူပြုတ်ပေးရန် မေးမိတော့ မည်သည့်အမူအရာမှ ရှိမနေသော မျက်နှာမျိုးနှင့် သာကြည့်လာသည်။
|ဒီလိုကြီးပဲ အမြဲကြည့်မနေပါနဲ့!
အားနာရင် နည်းနည်းပါးပါး စကားပြောပါဦးဟ|သူလဲ စားချင်သော ခေါက်ဆွဲဘူးကိုသာ ယူကာ ရေနွေးသွားယူပီုး ပြုတ်ရန် စဉ်းစားနေတုန်း~
"ကျန်းမာရေးနဲ့ မညီညွတ်ဘူး"
အတန်ကြာမှ ပြောလာသည်မို့ သူ့မှာ ဘာပြောလိုက်သလဲတောင် မနည်း စဉ်းစားလိုက်ရသည်။
ထယ်ယောင်းတွင် တုံ့ပြန်နိုင်စွမ်းက ကြာတတ်သော ရောဂါများ ရှိသည်လား??
"မညီညွတ်လဲ ငါကြိုက်တယ်လေ။
အဲ့တော့ စားမှာလား မစားဘူးလား??""အင်း"
"ဘာ အင်း လဲ?"
"စားမယ်...မင်းနဲ့ တူတူ"
"တစ်ယောက် တစ်ဘူးစီ ပြုတ်လိုက်မယ်လေ။ ခဏစောင့်။ ငါ ရေနွေးသွားယူလိုက်ဦးမယ်။"
"ငါ လိုက်ခဲ့..."
"မလိုက်နဲ့တော့လေ။
ငါ့စားပွဲလေးပဲ ရှင်းထားပေးမလား?
ငါ့စားပွဲမှာပဲ စားရအောင်လေ!"ဂျောင်ကုလဲ ပြောစရာရှိသည်တို့အား ပြောပြီးသည်နှင့် ရေနွေးယူရန် ထွက်လာခဲ့တော့သည်။
သူ့စားပွဲ တွင်သာ စားရသည့် အကြောင်းကတော့ ထယ်ယောင်းက အသန့်အလွန်ကြိုက်တတ်သောကြောင့်ပင်။