Truth Or Dare

902 111 49
                                    

[Unicode]
အဆောင်သို့ ကမန်းကတန်း ပြန်ပြေးလာခဲ့သော ထယ်ယောင်းမှာတော့ မီးမဖွင့်ထားသော အခန်းကြောင့် စိတ်ပူရပြန်ပါသည်။

အပေါ်ထပ် ကုတင်ကို ကြည့်မိတော့လဲ သိပ်မမြင်ရသဖြင့် မီးခလုတ်ကို ရှာကာ ဖွင့်ရန်ကြံပြီးမှ အိပ်နေလျှင် လန့်နိုးသွားမည်အား စိုးပါသောကြောင့် သူတို့ ကုတင်ဆီသို့သာ ခြေသံဖွဖွဖြင့် လာကြည့်မိတော့

ဟော တွေ့ပါပြီ
အပေါ်ကုတင်မှ စောင်လုံးလေး။

ဘယ်လောက်တောင် စောင်တွေနှင့် ပတ်ထားသလဲ ဆိုရင် မျက်နှာပင် မပေါ် ဆံပင်လေးတွေသာ ပေါ်နေသည်အထိပင်။

ရပ်ကြည့်နေရင်းမှ လူးလွန့်လာသော ကောင်လေးကြောင့် သူ့မှာ ဂလံဂလားနှင့် ဘယ်ပြေးပုန်းရမှန်းမသိ။ သို့ပါသော်လည်း နိုးမလာသော ကောင်လေးကြောင့် စိတ်အေးမိကာ မျက်နှာလေးကို ကြည့်မိသည်။

မိတ်ကပ်တွေလဲ မဖျက်ပဲ အိပ်သွားတာပါလား။ သူတော်တော်ပင်ပန်းနေပုံပါပဲ။

ဒါပေမဲ့ မိတ်ကပ်တွေ မဖျက်လျှင်လဲ မျက်နှာ အသားအရည် ပျက်စီးတတ်သည်ဟု ဆိုကာ သူ့အား ဖျက်ပေးလိုက်သော စီနီယာတို့ စကားက မှန်လောက်မည်။

သူ့အသားအရည်က သိပ်ကိစ္စမရှိပေမဲ့ မနက်ဆို ကျောင်းသွားခါနီးတိုင်း အမြဲတစ်ခုခုလိမ်းတတ်သော ကောင်လေး၏ မျက်နှာ ဖြူဖြူနုနုလေး အတွက်တော့ ဖျက်မှသာ မထိခိုက်မှာလေ။

အတွေးနှင့် အတူ မိတ်ကပ်ဖျက်ရန် လိုက်ရှာတော့ တွေ့ပါပြီ၊ မိတ်ကပ်ဖျက်စရာတော့ မဟုတ်။
သူ့စားပွဲပေါ်မှ အထုပ်လေး တစ်ထုပ် သေချာကြည့်မိမှ

ရေတွေထည့်ထား ပုံရသည်
ဟင် ကြက်ဥအခွံတွေရောပဲ
ဘယ်သူလာထားသွားတာလဲ မသိ။

အသန့်အလွန် ကြိုက်သော ထယ်ယောင်းကတော့ ဒီတစ်ခါတော့ ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီအခန်းမှ လူများ (ဂျောင်ကုမပါ) က ပစ္စည်းတွေကို ပြန့်ကြဲကာ ထားတတ်ကြသည်လေ။
ဆော့ဂျင်တစ်ယောက်ကတော့ တစ်ခါတစ်ခါ ထရှင်းပေမဲ့ အဲ့ဒါကလဲ တစ်ပတ်လုံး ကြိုက်သလောက်ဖွပြီးမှပင်။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now