Date?

776 91 48
                                    

[Unicode]
ဂျောင်ကုဘဝမှာ သူများကိစ္စကိုလဲ စိတ်မဝင်စားဖူးသလို တော်တော်များများကို သူ့ကိုယ်ပိုင်အမြင်တွေနဲ့ပဲ ဆုံးဖြတ်ခဲ့တာတွေ တကယ့်ကို များခဲ့တာ။

အခုချိန်မှာ ဆိုရင်တော့ နှစ်ဦးနှစ်ဖက်အမြင်နဲ့ မြင်တတ်စေရန်က တကယ်ကို အရေးကြီးမှန်း သူသိလိုက်ရသည်က ကင်မ်ထယ်ယောင်း ဆိုသူကြောင့် ဆိုရင်မှားမည်မထင်။

ထိုသူကတကယ်ကို စေ့စပ်သေချာတတ်သူဟု ပြောရမည်။ သူနှင့်အတော်အတန် ရင်းနှီးလာမှ သိလာရသည်က ထယ်ယောင်းက အရာရာတွင် စေ့စပ်သေချာသည်၊ မနက်ဆိုလျှင်လည်း နေ့တိုင်း ၅နာရီအတိတွင် အိပ်ရာထပြီး ညဆိုလျှင်လည်း ၁၁နာရီအတိတွင် အိပ်ရာဝင်တတ်သည်။

စာအုပ်ဆိုလျှင်လည်း တစ်ဖက်ထဲ လှည့်ကာစီထားတတ်သလို ဖိနပ်ကအစ ဘောပင်အဆုံး တစ်သမတ်တည်းဖြစ်စေသည့် အရာများကို သဘောကျတတ်သူဖြစ်သည်။

အရာအားလုံးကို သေသပ်သပ်ရပ်စွာ ထားတတ်သည့်အပြင် စာအုပ်ဖတ်လျှင်ဖတ်၊ မဖတ်လျှင် ဂိမ်းဆော့ ဒါမှမဟုတ်လျှင်တော့ အိပ်နေတတ်သော ထိုသူက အပြင်တွေလဲ ထွက်လေ့မရှိ။ သူငယ်ချင်းတွေလဲ မရှိဘူးထင်ပါသည်လေ။

တစ်ခါတစ်လေတော့ ထိုသူတော့မသိ၊ ဂျောင်ကုလို တစ်သီးတစ်သန့်နေတတ်သူတောင် အဲ့လိုဘဝကြီးက ပျင်းစရာကောင်းလွန်းသည်ဟု ခံစားမိသည်အထိ။

ဒါပေမဲ့လေ အခုအချိန်မှာတော့ အဲ့လူက တစ်လောကလုံးမှာ ကြည့်လို့အကောင်းဆုံးလူပဲ။

ဒီနေ့က သူတို့ရဲ့ project တွေ ပြီးဆုံးကာ တစ်လပြည့်သည့်နေ့ဖြစ်သည်။

အတိအကျပြောရလျှင် အခုက သူတို့အဖွဲ့၏ စတိတ်စင်မြင့်ပေါ်မှာ မတ်တပ်ရပ်ကာ တင်ဆက်နေရသည့် အလှည့်ဖြစ်သည်။ ပိုတိကျရလျှင်တော့ သူတို့အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ထယ်ယောင်းက PowerPoint projector နှင့် အသေအချာရှင်းပြနေပြီး ကျန်သူများက ဘေးတွင်ရပ်နေရခြင်းပေ။

အစကတော့ ထယ်ယောင်းကဲ့သို့ စကားနည်းပြီး အပြောမတတ်သူက အဆင်မပြေလောက်ဟု ထင်မိသဖြင့် လူရှေ့သူရှေ့ထွက်ရသည်ကိုပင် မကြိုက်သောသူက အစားဝင်ပေးချင်ခဲ့သည်။ မထင်မှတ်ထားစွာပဲ ထယ်ယောင်းက သူအားလုံးစီစဉ်ထားတယ်တဲ့လေ။

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now