Weird feeling

1.5K 137 86
                                    

[Unicode]

"သခင်လေး တစ်ခုခုစားပါဦးလား
ညစာလည်း မစားရသေးဘူးလေ"

ကုတင်ဘေးတွင် လက်လေးအား ဆုပ်ကိုင်လျက် ထိုင်နေသော ထိုလူငယ်လေးက မည်သည့်စကားမှ မဆိုပဲ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။

"၆နာရီတောင် ရှိပြီပဲ"

"သခင်လေး"

"သူသတိမေ့နေတာ ၆နာရီတောင် ရှိသွားပြီ"

"ဒါပေမဲ့ သခင်လေးက တစ်ခုခု_"

"ဝူယောင်း...
ချွဲမီမီဆိုတဲ့ တစ်ယောက်ကိုမှတ်မိလား"

"ဟင် ဘယ်တုန်းကသူလဲ?"

"အထက်တန်းတုန်းက ငါ့ကိုနှောင့်ယှက်တဲ့တစ်ယောက်"

"အင်...အထက်တန်းတုန်းက..? အများကြီးပဲလေ.."

ဝူယောင်းလဲ သူ၏မှတ်ဉာဏ်တို့အား မွှေနှောက်ပြီးချိန်တွင် အမြဲမှတ်မိနေလောက်မည့် အဆိုးဆုံး တစ်စုံတစ်ယောက်အား သတိရလာသည်။

"အဲ့ဒါ..ဟို...ဟိုမိန်းမ.."

"ဟုတ်တယ်"

သခင်လေး၏ ဖြေသံကြောင့် တုန်လှုပ်သွားရသည်။

ထိုမိန်းကလေးသည် အတော်စိတ္တဇဖြစ်သည်။ သခင်လေးက ဘာမှမပြောပဲ တိတ်တဆိတ်ငြင်းဆိုလိုက်၍သာ အမှုကြီးမသွားရခြင်းဖြစ်ကာ မဟုတ်လျှင် အချုပ်ကျရင်ကျ၊ မကျရင် စိတ်ကျန်းမာရေးဆေးရုံ ရောက်နေလောက်ပြီပင်။

အထက်တန်းတုန်းက ကျောင်းတွင်နာမည်ကြီးသော သခင်လေးကို ချဉ်းကပ်သူများပြားသော်လည်း ငြင်းလွှတ်မြဲပင်။ ကြာလာတော့ ထိုမိန်းကလေးတို့သည် တဖြေးဖြေး ထယ်ယောင်း၏မကောင်းကြောင်းများအားဖွတော့သည်။

အေးဆေးသော စရိုက်အတိုင်း ဘာမှဝင်မပြောသော်လည်း ထိုအချိန်က သခင်လေး၏အိမ်တွင်းရေးကလဲ သိပ်အဆင်ပြေသည်မဟုတ်ပေ။ စိတ်ပင်ပန်းနေပါသော သခင်လေးအား ပိုတိတ်ဆိတ်သွားစေသည့် တရားခံက ထို ချွဲမီမီ...။

ချွဲမီမီသည် သခင်လေးကို အကြိမ်ကြိမ်ဖွင့်ပြောသည်။ ငြင်းပါလျှင် သက်သေမည်ဟု ခြိမ်းခြောက်တတ်သည်။ တစ်ခါတစ်ရံတွင် ငိုယိုပြသလို တစ်ခါတစ်ရံတွင် တိရစ္ဆာန်အသေများ၊ ဓားများနှင့် သွေးရွှဲနေသော အဝတ်များအား ထုပ်ပိုးကာ လက်ဆောင်အနေနှင့် ပို့တတ်သေးသည်။ တစ်ခါကလည်း သခင်လေး၏ဓာတ်ပုံအား ဖျက်ဆီးကား ဓားများနှင့်စိုက်ပြီး သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

You've reached the end of published parts.

⏰ Last updated: Apr 03, 2022 ⏰

Add this story to your Library to get notified about new parts!

FAIRYTALE ✔︎ 🅅🄺Where stories live. Discover now