part-2(Unicode)

5.9K 311 7
                                    

For unicode
(တီတီ~တီတီ~)ခြောက်ကပ်သောနေ့တနေ့အစပြုရန်နှိုးစက်သံလေးကကျွန်တော့်အားသတိပြုလေသည်။

    ဟိုးအရင်လို"သားရေထတော့လေ"ဟူသောနာမ်စားလေးအားသုံးကာဟုနှိုးပေးမည့်ချစ်မိခင်ဆုံးပါးခဲ့သည်မှာ3နှစ်ပင်ပြည့်ခဲ့ပြီ၊လူမှန်းမသိတတ်ခင်ထဲကဖခင်မှာမတော်တဆမှုနဲ့ဆုံးပါးခဲ့တယ်။

    ထိုစဉ်ကတည်းကကျွန်တော့်အမေဟာကျွန်တော့်အတွက်အဖေတယောက်အနေနဲ့ရောအမေတယောက်အနေနဲ့ပါကျွေးမွေးစောင့်ရှောင့်ကာကွယ်ပေးခဲ့တယ်၊အဖေ့လုပ်ငန်းတွေမှာအမေအစားထိုးပါဝင်ခဲ့တယ်အဖေ့လောက်တော့လုပ်ငန်းကျွမ်းကျင်မှုမရှိပင်မဲ့အမေကကြိုးစားပြီးအလုပ်တွေလုပ်တယ်။အမေဟာထက်မြတ်တဲ့မိန်းမတယောက်ဖြစ်တာမို့အချိန်ခဏလေးအတွင်းမှာအဖေ့စီးပွားရေးတွေပြန်ခေါင်းမော့လာနိုင်ခဲ့တယ်။

     ကျွန်တော့်ကိုကျောင်းကောင်းကောင်းမှာထားခဲ့တယ်အမေကကျွန်တော့ကိုဆရာဝန်တစ်ယောက်ဖြစ်စေချင်ခဲ့ပင်မဲ့ကျွန်တော်ကတော့ကျောင်းဆရာအလုပ်ကိုရွေးချယ်ခဲ့တယ်။
တာဝန်ကျရာနေရာတွေမှာကျောင်းဆရာတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ရင်းဆရာတစ်ယောက်ရဲ့တာဝန်ကိုသိတတ်လွန်းခဲ့တဲ့ကျွန်တော်ကသားတစ်ယောက်ရဲ့တာဝန်ကိုမေ့နေသည်အထိပင်။

   အမေ့ရဲ့နောက်ဆုံးအချိန်ကိုပင်မမြင်လိုက်၊ဆွေမျိုးတွေရဲ့လက်ပေါ်မှာပင်အမေဆုံးပါးခဲ့တယ်။ငါဟာဆရာတစ်ယောက်ဆိုတဲ့ခေါင်းစဉ်အောက်မှာအမေ့အတွက်တော့ကျွန်တော်ဟာသားမိုက်တစ်ယောက်ဖြစ်ခဲ့လေပီလား။တပည့်တိုင်းအတွက်ဆရာကောင်းဖြစ်ခဲ့ပင်မဲ့အမေတစ်ယောက်အတွက်တော့သားကောင်းတစ်ယောက်မဖြစ်ခဲ့ဘူး၊ခုချိန်ထိကျွန်တော်ယူကြုံးမရဖြစ်တုန်းအမေ့ကိုလွမ်းတုန်း။

ခုချိန်မှသားတစ်ယောက်တာဝန်တွေဇွတ်ကျေချင်ပင်မဲ့အချိန်နှောင်းသွားခဲ့ပြီ။အဲ့ဒီအချိန်ကတည်းကကျွန်တော်မြို့အနှံ့ရွာအနှံ့ပြောင်းပြီးဆရာတယောက်အဖြစ်ရပ်တည်ခဲ့တယ်၊သားမိုက်တယောက်မို့အမေ့အုတ်ဂူရှိရာကိုတော့တစ်ခါမှပင်သွားမကန်တော့ရသေးပါ။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now