part-16(Unicode)

4K 181 26
                                    

"အဘရေအဘပြဿနာတော့တက်ပြီဗျို့"

ညနေခင်းအချိန်တွင်ဖြစ်သည်။ရုတ်တရက်အဘ တ ကာ အိမ်ထဲပြေး၀င်လာသောဖိုးအေးကြောင့်သူကြီးဦးဖိုးခေါင်နှင့်သူကြီးကတော်တို့ပြာပြာသလဲအိမ်ရှေ့ထွက်လာကြ၏။

"ဟေ့ကောင်ဖိုးအေးမင်းကိုဘယ်ကောင်ကဘာပြုလိုက်လို့အဲ့သည်လောက်အော်ပြေးလာတာလဲ"

သူကြီးမှာစိတ်မရှည်သူပီပီယခုခါတွင်လဲစိတ်မရှည်စွာဖိုးအေးအားငေါက်နေပြန်သည်။

"တော်ရယ်ကလေးကမောကြီးပန်းကြီးပြေးလာရတာအေးဆေးမေးစမ်းပါရှင်"

"နို့ နေစမ်းပါအုန်းမင်းကဘာကိစ္စရှိလို့တုန်း"

ဖိုးအေးလဲအိမ်ရှေ့ရေအိုးစဥ်မှရေတ၀သောက်ကာစကားအစချီတော့သည်။

"ကိုကြီးကျောက်ခဲရန်ဖြစ်နေလို့အဘရေဟိုဘက်ရွာမှာကြက်သွားတိုက်ရင်း ဟိုဘက်ရွာကလူမိုက်စိုးတင့်နဲ့မြခက်အကြောင်းအစချီရင်းအချေအတင်စကားများကြတာခုဆွဲလို့တောင်မရဘူးရယ် ကျုပ်လဲမဆွဲနိုင်တော့လို့အဘလိုက်ဆွဲပေးအုန်း"

"အလိုတော်ကျောက်ခဲကရန်မဖြစ်စဖူးတဖက်ရွာထိရန်သွားစမဲ့ကလေးတော့မဟုတ်ဘူးဟိုဘက်ကကောင်တွေစ လို့ဖြစ်တာပဲနေမှာ နာနာလေးချခဲ့စမ်းပါတော်ရယ်ကျုပ်တူကိုရန်စတဲ့ကောင်တွေကို"

"ဟော မင်းဟာမင်းသွားချပါလားကျုပ်ကိုလူမိုက်လာငှားမနေနဲ့မင်းယောက်ျားကသူကြီးနော်ရွာလူမိုက်မဟုတ်ဘူး ၊ဟေ့ကောင်ဖိုးအေးထော်လာဂျီထုတ်ခဲ့ထော်လာဂျီနဲ့သွားမယ်"

"ဟုတ်ကဲ့အဘ"

"ရှင်မရေကျုပ်ကိုအရေးပိုင်မင်းပေးထားတဲ့နှစ်လုံးပြူးသေနတ်ထုတ်ပေးလိုက်စမ်း "

"တော်လွန်လွန်ကြူးကြူးတွေတော့လုပ်နဲ့နော်ကိုဖိုးခေါင်"

"သြော်အရီးရယ်လွန်လွန်ကြူးကြူးလုပ်ရအောင်လဲအရေးပိုင်မင်းကအရီးယောက်ျားကိုသေနတ်ပဲပေးထားတာဗျ၊ကျည် ပေးမထားဘူး "

ဖိုးအေးကအာပေါင်အာရင်းသန်သန်နဲ့အိမ်ရှေ့ကနေလှမ်းအော်တော့သူကြီးမှာရှက်ကိုရှက်ကန်းဖြစ်သွားရချေသည်။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now