part-4(unicode)

4K 283 23
                                    

     မြူမှုန်ရိပ်ရိပ်ထကာရွှေအိုရောင်နေမင်းထွက်စပြု
ရန်ဟန်ပြင်နေသောနံနက်ခင်းတွင်လမ်းကြောင်းမှန်မှန်နှင့်ကားတစ်စီးကတရွေ့ရွေ့မောင်းနှင်လာ၏။တကျီကျီအော်နေသောငှက်များမှလွဲ၍ပတ်ဝန်းကျင်ကငြိမ်သက်လွန်းနေသည်။

   ထိုငြိမ်သက်မှုထဲတွင်ရှုမဆုံးသည့်နံနက်ခင်းအလှ
များလည်းအပါအဝင်ပင်။နယ်ဘက်ရောက်သည်နှင့်ပြောင်းလဲသွားသောလေထု၊စိမ်းစိုနေသောသစ်တောနှင့်ပန်းရောင်စုံတွေရွှေအိုရောင်နေမင်းကြီးမှအစအားလုံးပေါင်းစပ်လိုက်လျှင်သက်ရှိပန်းချီကားတစ်ချပ်နှယ်ရှုမောမဆုံး၊သဘာဝအလှများခံစားရင်းခက်လွန်းမောင်တယောက်သဘောကျမဆုံးဖြစ်နေလေ၏။

ထိုစဉ်ကိုမြဝင်းမှတိတ်ဆိတ်မှုကိုခွင်းကာ~~~~

     "ဆရာကိုခက်လွန်းမောင်အဲ...မြို့အုပ်မင်း
ကိုခက်လွန်းမာင်ဟို .. ဟို . "

    "ကိုမြဝင်းကျုပ်နဲ့ခင်ဗျားကအသက်လဲသိပ်မကွာ
လှပါဘူးဗျာအဆင်ပြေသလိုခေါ်.. ကဲဘာပြောဖို့လဲဗျ
ဗိုက်ဆာလို့လားပြောပါရပါတယ် .."

    "မဟုတ်တာဆရာခက်လွန်းမောင်ရယ်ကျွန်
တော်ကဗိုက်ဆာလို့ရယ်မဟုတ်ပါဖူးလမ်းကမြူနည်းနည်းထနေလို့လမ်းမှားမှာစိုးရိမ်လို့ပါဗျာ"

    "သြော် ခင်ဗျားနှယ်ရောက်တောင်ရောက်တော့မှာ
ကိုလမ်းမှားမှာစိုးရိမ်နေသေးသကိုးဗျစိတ်မပူပါနဲ့
ကျုပ်လမ်းမမှားပါဖူးဗျ"

    "ဟုတ်..ဟုတ်ကဲ့ပါဆရာခက်လွန်းမောင်ရယ် ကျွန်တော်ကလမ်းမှားပြီးတစ်ခြားနေရာတွေရောက်ကုန်မှာစိုးလို့ပါဗျာ"

အနှီလူ၏စကားမှာခက်လွန်းမောင်အဖို့ကြောင်
တောင်တောင်နိုင်လွန်းလှသည်။

    "ခင်ဗျားကမယုံလို့လားကိုမြဝင်းရဲ့ကျုပ်အပေါ်
ယုံကြည်မှုကအဲ့သလောက်နည်းသလားဗျာကျုပ်က
လမ်းမသိဘဲလာပါ့မလားဗျာလာပါ့မလားကျုပ်ကိုမယုံရင်တော့ဖြင့်ဆင်းနေခဲ့ပြီးလမ်းလျှောက်လိုက်ခဲ့ပေတော့ကို့လူရေ"

     "ဟာဆရာခက်လွန်းမောင်ကလဲကျွန်တော်က
ဆရာဘယ်သွားသွားလိုက်ရမှာလေဗျာ ... ဟော!!
ဆရာရေဟိုမှာဟိုမှာ~~ရွာအဝင်ဆိုင်းဘုတ်အဲ့ဒီရွာ
ထင်တယ်နော်ဆရာ"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now