Part-15(Unicode)

2.3K 151 13
                                    

"အရီး အရီး ရေ အိမ်ရှေ့ထွက်ခဲ့အုန်း ကျုပ်ခေါ်နေတာကြားသလားဗျာ"

"ဟဲ့ ကျောက်ခဲရဲ့ ဘယ်နှယ့်ဖြစ်တာတုန်းအရီးလဲနားမပင်းသေးပါဘူးဟယ် ခုနှစ်အိမ်ကြားရှစ်အိမ်ကြားအော်နေရော့သလား အိမ်ထဲမယ်နင့်အဘအိပ်နေတယ်ဟဲ့ တိုးတိုးသက်သာပြောပါဟယ် တော်နေကြာနင့်အဘလန့်နိုးသွားမှ ကွမ်းအစ်နဲ့ကောက်ထုတာခံနေရမယ်"

"အို အရီးရယ်ထုချင်ထုထောင်းချင်ထောင်းကျုပ်တော့ပြောစရာရှိတာပြောမှာပဲ"

"နို့ နေစမ်းပါအုန်းနင်ကဘာပြောမှာတုန်းဟဲ့"

"အရီးတူမလုပ်ပုံကောင်းသေးရဲ့လားဗျာ"

"ဟဲ့ ဘယ်တူမတုန်း ငါ့မှာကတူ တူမ တွေကများသားပဲကို ဘယ်တစ်ယောက်တုန်း"

"သြော် အရီးရယ်ကျုပ်နှမ မြခက်ကိုပြောတာဗျာ"

"နင်ကအစထဲရှင်းအောင်ပြောပါလားဟဲ့ နင့်နှမ ကဘာလုပ်နေလို့တုန်း"

"အဲ့ဟာမလေးလေဓားပြမိုးမှောင်တို့အဖွဲ့ကလိုလို ဘာလိုလိုနဲ့ဟိုဘက်ရွာကရွာလူမိုက် စိုးတင့် ဆိုတဲ့
သူခိုးဂျပိုးနဲ့ဖြစ်နေတယ်တဲ့ အရီးရ"

"ဟဲ့ ဘုရားဘုရား ဘာဖြစ်တာတုန်းမြခက်နဲ့သူနဲ့က လွန်ကျူးကုန်တာလား"

"အောင်မလေး အရီးရယ်တွေးလိုက်မှဖြင့်တစ်ဆုံး၊  သမီးရည်းစားဖြစ်နေကြတယ်ပြောတာပါဗျာ၊လွန်လွန်ကျူးကျူးတွေဖြစ်ကုန်မှတော့အဲ့ဟာမကိုကျုပ်ကိုယ်တိုင်ကိုသတ်မှာ"

"နင်ကအစထဲကသေချာပြောပေါ့နင့်အရီးငါကတွေးလိုက်ရင် တစ်ဆုံးဆိုတာသိရက်နဲ့၊စကားပြောတာလဲအသံထိန်းအုန်းဘေးပတ်၀န်းကျင်ကြားရင်အရီးတို့သိက္ခာကျမယ်၊မင်းနှမလေးလဲရွာရဲ့သမီးပျိုပဲ သူ့မျက်နှာလဲထောက်ပါအုန်း၊မြခက်ကငယ်သေးလို့ပါကွယ်အရီးညကျမှတိုးတိုးတိတ်တိတ်ခေါ်မေးပါအုန်းမယ်၊မင်းနှမလေးကသေချာပြောရင်နား၀င်မှာပါကွယ်၊သွားဆူမနေနဲ့အုန်းနော်ကျောက်ခဲ ဒီအရွယ်တွေကသိပ်တင်းလို့မရဘူး လျော့လျော့ပေါ့ပေါ့နဲ့သေချာလိုသလိုထိန်းရတယ်၊အရီးကြည့်လုပ်ပေးပါမယ်ကွယ်"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now