part-3(Unicode)

4.2K 286 11
                                    

For Unicode

"ကျောက်ခဲဖိုးအေးဟေ့ကောင်တွေလာကြစမ်းပါကွ..ဖိုးအေး!!ကျောက်ခဲ..တောက်!!ဒီကောင်တွေဘယ်သွားသေနေကြတာလဲ"

သူကြီးဦးဖိုးခေါင်၏မနက်စောစောနံနက်ချိန်ခါတေးသံသာဖြစ်လေသည်။

"လာပါပြီ..အဘရယ်ကျုပ်တို့ကိုအဲ့လောက်မေတ္တာပို့မနေပါနဲ့ဗျာ လာပါပြီဗျ"

"လာပါပြီကိုနောက်ထားမင်းတို့ကောင်တွေသာ
ငါ့ရှေ့ရောက်အောင်လာမနေ့ကတည်းကသေချာမှာထားတာမြို့အုပ်မင်းကိုသွားကြိုရပါမယ်လို့ဆို  တယ်!!!ငါလုပ်လိုက်ရမကောင်းရှိတော့မယ်"

   ဦးဖိုးခေါင်မှာလူပုသလောက်စိတ်ကလဲလက်တစ်ဆစ်သာသူ့အိမ်သူသက်ထားဇနီးမှလွဲ၍မည်သူနှင့်မျှမတည့်သူလူ့ဂွစာကြီးမှာသားသမီးကလဲမရှိတော့
ဆုံးပါးသွားသည့်အကိုနှင့်မရီး၏သားတော်မောင်ကျောက်ခဲနှင့်ဖိုးအေးတို့နှစ်ယောက်အားခေါ်ယူကာမွေးစားထားသောကျေးဇူးရှင်ပင်၊အပြောဆိုးပင်မဲ့စိတ်ရင်းကကောင်းရှာတော့တူတော်မောင်တွေမှာလဲအပြစ်မမြင်နိုင်။

    "အဘကလဲဗျာကျုပ်တို့ကအကုန်ပြင်ဆင်ပြီးပါပြီ
ဗျ၊မြို့အုပ်မင်းနဲ့ကျောင်းအုပ်ဆရာလေးတို့နေမဲ့အိမ်ကိုလဲသေချာသန့်ရှင်းရေးလုပ်ပြီးပြီမြို့အုပ်မင်းကို
အပေါ်ထပ်မှာထားကျောင်းအုပ်ဆရာလေးကိုအောက်ထပ်မှာထားဟော့!!အဆင်မပြေဖူးလားဗျာ
အဘရယ်"

ကိုတတ်ပါ့ကျောက်ခဲမှဆရာကြီးလေသံဖြင့်သူကြီးဦးဖိုးခေါင်အားရှင်းပြနေလေခြင်းပင်။

      "ဟေ့ကောင်ကျောက်ခဲရမင်းမပြောလဲငါသိပါ
တယ်ကွာနွားလှည်းပြင်ပြီးပြီလားမြို့အုပ်မင်းကကားနဲ့လာမှာဆိုတော့နွားလှည်းလိုက်စီးမှာမဟုတ်ဖူးကွကျောင်းအုပ်ဆရာလေးကိုသာသေချာခေါ်ခဲ့ကြားလားဟိုကောင်တွေ"

      "ဒါနဲ့လေအဘမြို့အုပ်မင်းကဆရာလေးနဲ့အတူ
နေပါ့မလားဗျအရွယ်နဲ့မလိုက်အောင်ကျော်ကြားနေတာမာနကြီးမယ်ထင်ပါ့ အဘရယ်"

စကားနည်းသောဖိုးအေးမှစိတ်ပူစွာပြောလိုက်ခြင်းဖြစ်လေသည်။

     "အတူမနေတော့လဲဘာဖြစ်သေးလဲကွာကျောင်း
အုပ်ဆရာလေးကိုငါ့အိမ်မှာထားလိုက်မှာပေါ့မင်းနှယ့်စိတ်ပူတတ်ရန်ကောကွာ"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now