Part-11(Unicode)

2.9K 217 33
                                    

"ဒီလူ့နှယ် အပျင်းကြီးရန်ကော ခုထိကိုမထသေးဘူးကာလနဂါးသေလို့၀င်စားသလားမှတ်ရတယ်"

မနက်စောစောရေချိုးပြင်ဆင်ပြီးခက်လွန်းမောင်အားစောင့်ရင်းမိမိမှာစိတ်မရှည်လှတော့ပါ၊အခန်းထဲ၀င်နှိုးချင်သော်လဲမနေ့ညနေကအဖြစ်ကြောင့်မျက်နှာပူလှသည်။ပြောပြောဆိုဆိုနှင့်ဟိုလျှောက်ဒီလျှောက်လုပ်နေတုန်းကိုယ်တော်ချောမှာအခန်းထဲမှအခန့်သားထွက်လာပြီးလူကိုပြီတီတီနှင့်ကြည့်နေသေးသည်။အနှီလူ၏နှုတ်ခမ်းကမှာမနေ့ကထက်ပင်နည်းနည်းပိုယောင်နေ၏။

"နိုးရင်လဲရေမြန်မြန်ချိုးစျေးထဲသွားမယ်ကျုပ်ကစိတ်မရှည်ဘူးနော်မြို့အုပ်မင်း"

လူကိုအမြဲအာဏာပြတတ်သောအနှီစွာတေးလန်ငြိမ်းမောင်ပါလေ။

"ရေချိုးပြီးရင်မောင့်ကိိုဆေးနည်းနည်းလောက်ထည့်ပေးအုန်းနှုတ်ခမ်းကနာနေလို့လေ"

သနားစဖွယ်လုပ်နေသောအနှီလူကြောင့်ရန်တွေ့ရလဲခက်ပြန်သည်။

"ကိုယ့်ဘာသာထည့်ပါလားလက်မပါလို့လား"

"မောင်ထည့်ရင်သက်သာမှာမဟုတ်ဘူးကျောင်းဆရာထည့်ပေးမှသက်သာမှာလေဗျာ"

"အို。。。。。မဆိုင်ပါဘူးလေရှေ့ကပိတ်ရပ်နေတာဖယ်တော့ကျုပ်မနက်စာသွားစားတော့မယ်၊ရေမြန်မြန်ချိုးနော်၊ကြာနေရင်ဆေးမထည့်ပေးဘူး"

"ဟုတ်ကဲ့ မောင်မြန်မြန်ချိုးခဲ့မယ်"

စကားဆုံးသည်နှင့်လျစ်ခနဲနေအောင်အောက်ထပ်ပြေးဆင်းသွားသောအနှီလူမှာချစ်စရာပင်။

'တစ်ခါတစ်လေများကျတော့ဖြင့်ကလေးကြီးလိုပါပဲလားမောင်က '

မသိစိတ်မှရုတ်တရက်တွေးမိသောအတွေးတစ်စဟာရင်ကိုလှိုက်ဖိုသွားစေသည်သာမကရှက်သွေးဖြာမိသည်အထိ၊အနှီလူဟာအမျိုးမျိုးပြုစားနိုင်လွန်းသည်။

မနက်စာပြင်ဆင်ပေးထားသောကိုသာအေးတို့ဇနီးမောင်နှံမှာစျေးသို့သွားပြီဖြစ်သည်။ထို့ကြောင့်မိမိဘာသာတစ်ယောက်ထဲမနက်စာကိုခပ်သွက်သွက်သာစားမိသည်။ရေချိုးပြီးသောအနှီလူအပေါ်ထပ်သို့တက်သွားပြီးခဏအကြာဆေးဘူးယူကာမိမိပါအနောက်ကလိုက်တက်သွားပြီးအခန်းတံခါး၀ရှေ့ရပ်စောင့်ရ၏။အခန်းထဲလဲမ၀င်ရဲတော့ပေ။ရုတ်တရက်အခန်းထဲမှအသံသြသြကြောင့်အနည်းငယ်လန့်သွားရ၏။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now