Part-12(Unicode)

2.9K 184 44
                                    

"ဟေးကိုငြိမ်းမောင် ဟူးး。。。 ထတော့ "

အနှီလူအားနှိုးရန်နံနက်4နာရီထဲကအခန်းထဲရောက်လာသော်လဲ စောင်ပုံကြားထဲကွေးကွေးလေးအိပ်နေပုံကအသည်းယားစရာသိပ်ကောင်းလွန်းနေတာကြောင့်မနှိုးရက်။

"မောင်နည်းနည်းလေးယုတ်မာကြည့်ရမလားကိုငြိမ်းမောင် "

မျက်နှာထက်၀ယ်လူယုတ်မာအပြုံးတစ်ခုပန်ဆင်လျှက် ပကတိဖြူဖြူစင်စင်အိပ်ပျော်နေတဲ့အနှီလူ၏မျက်နှာအားတဖွဖွလိုက်နမ်းကြည့်မိသည်။
အိပ်ပျော်နေ၍သာတော်တော့၏။မဟုတ်လျှင်လက်သီးစာမိနိုင်သေးသည်။

"ကိုငြိမ်းမောင်မျက်နှာကတကယ်မွှေးတယ်မောင်ထပ်နမ်းလို့ရလားခဏလောက်ပဲဆက်အိပ်မောင်ထပ်နမ်းချင်သေးလို့"

စိတ်ထဲတွင်တစ်ယောက်ထဲစကားပြောကာအနှီလူ့မျက်လုံးအားထပ်နမ်းနေမိသည်။မိမိ၏နှုတ်ခမ်းမွှေးပေါက်စကလေးတွေနဲ့ထိမိတာကြောင့်အနည်းငယ်တွန့်သွားကာမျက်နှာအားတစ်ဖက်သို့လှည့်သွား၏။လှည့်သွားသောမျက်နှာအားမိမိဘက်သို့အသာယာပြန်ဆွဲလှည့်ကာကိုယ်လုံးသေးသေးကိုပါရင်ခွင်ထဲမြုပ်အောင်ဖက်ထားမိရင်းနေအလင်းရောင်ထွက်လာသည်အထိအနှီလူအားစေ့စေ့သာကြည့်နေမိသည်။စားပွဲမှနာရီအားလှမ်းကြည့်ကာမှနံနံ6နာရီပင်ခွဲနေပြီဖြစ်မှန်းသိလိုက်ရသည်။ထို့ကြောင့်အနှီလူအားမနှိုးချင်သော်လဲနှိုးရအုန်းမည်။

"မောင်က ကားပေါ်ရောက်မှဆက်အိပ်ခိုင်းမယ်နော်"

တစ်ယောက်ထဲရေရွတ်ရင်းထိုလူ့မျက်နှာနုစဥ်စဥ်အားလက်နဲ့အသာအယာထိကိုင်ကာနှိုးနေရင်းမိမိရင်ခွင်ထဲမှအိပ်မှုန်စုံ၀ါးဖြင့်အတင်းထထိုင်သောအနှီလူကိုကြည့်ကာကြိတ်ရယ်မိသည်။

"ထတော့နော်မောင့်ရဲ့ကိုငြိမ်းမောင်"

"ဘာ ဘာလုပ်တာလဲကျုပ်ကိုဘာလို့ဖက်ထားတာလဲလွှတ် လွှတ် ဘယ်ချိန်ထဲကရောက်နေတာလဲကျုပ်ကိုကောဘာလုပ်လိုက်သေးလဲ"

"ဟာဗျာမောင့်ကိုဘယ်လိုလူထင်နေလို့လဲဗျဒီတိုင်းခင်ဗျားအိပ်နေတာလေးကိုကြည့်ပြီးဖက်ချင်လာလို့ကျန်တာဘာမှလုံး၀မလုပ်ရပါဘူးဗျာ"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now