တိုက်ခတ်လေသောလေနုအေးတို့တွင်ရှေ့ကစက်ဘီးနင်းနေသာလူ၏ ကိုယ်သင်းနံ့ကတစ်ချက်ချက်ပါလာလေသည်။စိတ်ထဲတွင်တော့သာမာန်နှင်မတူတမျိုးတမည်ခံစားနေရသော်လဲဘာခံစားချက်ရယ်ပါလို့ရေရေရာရာမသိခဲ့ပါ။
လမ်းမှာအနည်းငယ်ကြမ်းသောကြောင့်ခလုတ်ကန်သင်းချိုင့်ခွက်များကိုရှောင်ကာနင်းနေရသည်။ထိုစဥ်ရှေ့မှဆိတ်တစ်ကောင်ကရုတ်တရက်ဖြတ်၀င်လာတာကြောင့်ခက်လွန်းမောင်လန့်ဖျတ်ကာဘရိန်ကိုသာဆောင့်ညှစ်လိုက်ရသည်။ရုတ်တရက်မို့ငြိမ်းမောင်လန့်ကာခက်လွန်းမောင်ခါးကိုအားကိုးတကြီးဖက်ထားမိလေ၏။ထိုစဥ်ခက်လွန်းမောင်၏စိတ်ထဲ၀ယ်ဘုရားပွဲလှည့်နေသည့်နှယ်၊ရင်ထဲတွင်တော့အပူလှိုင်းတစ်ခုဖြတ်သွားသည့်အလားနေရင်းထိုင်ရင်းရေတောင်ဆာလာသလိုပင်။
အနှီလူသားလေး၏လက်ပိစိလေးအားကိုယ်တိုင်တောင်မသိလိုက်ပဲခက်လွန်းမောင်ကိုင်ထားမိလေသည်။ငြိမ်းမောင်မှာရှက်သည့်စိတ်ကြောင့်နားရွက်ဖျားလေးတွေမှာပန်းရင့်ရောင်သန်းနေလေသည်။
"ခင်ဗျားကျုပ်လက်ကိုလွှတ်အုန်းလေမြို့အုပ်မင်းကျုပ်လက်ကအတော်ကိုင်လို့ကောင်းနေသလား"
ငြိမ်းမောင်မိမိ၏ရှက်သည့်စိတ်အားဖုံးရန်မြို့အုပ်မင်းအားလှမ်းငေါက်လေတော့သည်။
"ကျုပ်ကခင်ဗျားပြုတ်ကျမှာစိုးလို့ကိုင်ထားတာဗျအပိုတွေလုပ်နေသေးတယ်လွှတ်ချလိုက်လို့ခုနကလှည်းပေါ်ကကျလို့ဖင်နာတာထက်ဆိုးသွားမယ်"
"ဘာဗျမြို့အုပ်မင်းကျုပ်ခုနကပြုတ်ကျတုန်းကခါးနာတာဗျမဟုတ်တာတွေလာပြောမနေနဲ့စက်ဘီးသာဆက်မောင်းကျုပ်သူကြီးနဲ့တွေ့ချင်လှပြီ"
ခက်လွန်းမောင်လဲအနှီလူအားမနိုင်ဘူးဟူသောအကြည့်ဖြင့်သာကြည့်ပြီးစကားနားထောင်စွာစက်ဘီးသာဆက်နင်းရလေသည်။စိတ်ထဲတွင်တော့မှိုရ ထားသည့်နှယ်မျက်နှာကြီးကပြုံးဖြီးလို့။
မိနစ်အတော်အတန်စက်ဘီးနင်းလာပြီးနောက်သူကြီးအိမ်သို့ဆိုက်ဆိုက်မြိုက်မြိုက်ပင်ရောက်လာလေသည်။အိမ်ထဲမှသူကြီးလဲပြာပြာသလဲခရီးဦးကြိုပြုကာ-
ВЫ ЧИТАЕТЕ
ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)
Любовные романы*For Zawgyi ကမ္ဘာကြီးကဘာလဲလို့မေးရင်ခက်လွန်းမောင်ဆိုတဲ့ကျုပ်အတွက်ကကိုငြိမ်းမောင်ပင်။ For unicode* ကမ္ဘာကြီးကဘာလဲလို့မေးရင်ခက်လွန်းမောင်ဆိုတဲ့ကျုပ်အတွက်ကကိုငြိမ်းမောင်ပင်။
