"လာဒီကို၊မောင့်ဆီလာ"
"မလာဘူး မောင်ရယ်အင်္ကျီသာသွား၀တ်စမ်းပါလေ အအေးပတ်တော့မယ် ။"
"မ၀တ်ဘူးဗျာ၊ခင်ဗျားမကောင်းဘူးကတိမတည်ဘူး"
ကန်ပေါင်ပေါ်မှာသူရေထဲခုန်ချမည်ဆိုး၍ပြီးပြီးရောပေးခဲ့သောကတိအား အတင်းတည်ခိုင်းနေသော ကလေးဆိုးကြီးခက်လွန်းမောင်ကြောင့် ခက်ရပြန်သည်။ခုလဲအင်္ကျီသွားမ၀တ်ပဲ ဂျစ်တိုက်နေပြန်၏။
"ဟုတ်ပြီမောင် ဒါဆိုမောင်အရင်အင်္ကျီလေးသွား၀တ်လိုက်ကွယ် ၀တ်ပြီးမှလာဖက် ခုကမောင့်တစ်ကိုယ်လုံးမှာရေတွေချည်းပဲကို၊ကျုပ်ပါရေတွေစိုသွားမယ်။နာက်မှလာဖက်နော်ဘယ်လိုလဲရလား။"
"မရဘူးတဲ့ဗျ"
"ဟင် ဘယ်သူကလဲ"
"ခင်ဗျားလင်ကျုပ်ခက်လွန်းမောင်က"
"ဟော်တော့် မောင်ရယ်ကလေးလိုဆိုးမနေနဲ့ ကျုပ်ကျောင်းသွားရအုန်းမှာကို"
"တော်ပြီဗျာခင်ဗျား ကို မဖက်ရလို့လဲသေမှာတဲ့လား ခက်လွန်းမောင်ဆိုတဲ့ကျုပ်က ခ ယ မနေဘူးဘယ်သူ့ကိုမှ၊နေနှင့်အုန်းခင်ဗျား တစ်ကွေ့ကွေ့တော့ကြုံအုန်းမှာပဲ နောက်မှခက်လွန်းမောင်အဆိုးမဆိုနဲ့"
"ဟောစိတ်ကောက်ပြန်ပြီ၊မောင်နဲ့တော့ခက်တယ်။ကလေးစိတ်မကုန်သေးတာလား"
မိမိအားကြိမ်းမောင်းကာခြေဆောင့်နင်းရင်းအပေါ်ထပ်သို့တက်သွားသောအနှီလူ့ဂွစာမှာ ချစ်စရာပင်ကောင်းနေသလို။
***********************************************
"ဟမ်း သူ့မဖက်ရလဲဘာဖြစ်တုန်း၊ကတိမတည်တဲ့လူစာနာစိတ်မရှိတဲ့လူ၊ကြည့်နေခင်ဗျားကျုပ်အကြောင်းသိမယ် ယူပြီးမှနေ့တိုင်းမျက်ရည်တဆမ်းဆမ်းဖြစ်အောင်ကိုရိုက်ပစ်အုန်းမယ်ခင်ဗျားကို"
"မောင်ကကျုပ်ကိုတကယ်ရိုက်မှာလားဟင်"
အ၀တ်အစားလဲတာကြာနေတာကြောင့်အပေါ်ထပ်သို့လိုက်လာရခြင်းဖြစ်သည်။အ၀တ်အစား၀တ်ရင်းတစ်ကိုယ်တည်းကြိမ်း၀ါးနေသောအနှီလူ၏စကားများကြောင့်ရင်ထဲတစ်မျိုးဖြစ်သွားကာစိတ်ထဲမကောင်းတော့ပေ။မိမိစိတ်ထဲကပင်မရည်ရွယ်ပဲထိုသို့မေးမိလိုက်ခြင်းပင်ဖြေချေ၏။
YOU ARE READING
ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)
Romance*For Zawgyi ကမ္ဘာကြီးကဘာလဲလို့မေးရင်ခက်လွန်းမောင်ဆိုတဲ့ကျုပ်အတွက်ကကိုငြိမ်းမောင်ပင်။ For unicode* ကမ္ဘာကြီးကဘာလဲလို့မေးရင်ခက်လွန်းမောင်ဆိုတဲ့ကျုပ်အတွက်ကကိုငြိမ်းမောင်ပင်။
