part-9(Unicode)

3.2K 240 27
                                        

  တိတ်ဆိတ်လွန်းသည်ထက်ပိုတိတ်ဆိတ်နေသောလူသားနှစ်ယောက်၏အခြေအနေမှာလွန်စွာအေးစက်လွန်းလှသည်။

    တစ်ခုခုကိုအလိုမကျသလိုမျက်နှာရှစ်ခေါက်ချိုးနှင့်ကားမောင်းနေသောအနှီလူအားကြည့်ကာ ဘယ်အတွက်ဤသို့ပြုမူနေသည်ကို ငြိမ်းမောင်သိချင်လွန်းသည်။ဖြစ်နိုင်လျှင်ထိုလူ့ကားပေါ်မှယခုပင်ဆင်းကာတစ်ယောက်ထဲသွားပစ်လိုက်ချင်သည်။
ခက်တာကမိမိမှာမည်သို့သွားရမည်ကိုမသိချေ။

(*လမ်းမသိတဲ့ကိုငြိမ်းစွာပါ🙌😌*)

စိတ်ထဲဘယ်လိုမှနေမရသည့်အဆုံးအနှီလူအားအရဲစွန့်ကာမေးမိတော့သည်။

  
  "မြို့အုပ်မင်းခင်ဗျားဒီလိုကြီးပဲနေနေတော့မှာလား"

     "ခင်ဗျားနှယ်မေးတတ်ရန်ကော..ကျုပ်ကကားမောင်းနေတာကိုဒီလိုကြီးမနေတော့ခင်ဗျားကိုကပြဖျော်ဖြေရင်းမောင်းရမှာလား ၊ဒီလိုကြီးနေပြီးကားမောင်းတာကိုမကြိုက်ရင်ခင်ဗျားလာ၀င်မောင်းလိုက်လေ ကျုပ်ကခင်ဗျားကားမောင်းနေတုန်းမပျင်းရအောင် ခင်ဗျားပါးကို မွှေးမွှေး ထိုင်ပေးနေမယ်ဘယ်လိုလဲလာမောင်းမလား။"

  ခက်လွန်းမောင်၏အဖြေကြောင့်ငြိမ်းမောင်မှာဒေါသထသွားရသည်။စက်ဘီးပင်မစီးတတ်သောမိမိအားကားမောင်းမလားဟုမေးသည်ကသက်သက်စော်ကားတာမဟုတ်လားဟု စိတ်ထဲတွေးကာတနုံ့နုံ့နှင့်ဒေါသထရပြန်သည်။ဒေါသစိတ်ကြောင့်နားရွက်ထိပ်ဖျားလေးတွေမှာရဲတက်လာလေပြီ။

  "ကားရပ်ပေး"

ငြိမ်းမောင်စကားကြောင်ခက်လွန်းမောင်လန့်သွားရသည်။ကားရပ်ခိုင်းပြီးသူသာတကယ်လာ၀င်မောင်းရင်မိမိကောထိုလူပါဘ၀တစ်ပါးကူးသွားနိုင်သောကြောင့်ပင်၊ထို့ကြောင့်အနှီလူပုစိတ်တိုအားအလျင်အမြန်ပင်တားရတော့သည်။

  "ဟာဗျာခင်ဗျားရယ် ကျုပ်ကခင်ဗျားကိုတကယ်မမောင်းခိုင်းရက်ပါဖူးဗျာကျုပ်ပဲမောင်းလိုက်မယ်ခင်ဗျားပင်ပန်းမှာကျုပ်ဖြင့်မကြည့်ရက်လို့ပါ။"

"ဒီမယ်မြို့အုပ်မင်းကျုပ်ကလဲ၀င်မောင်းပါ့မယ်ပြောနေလို့လားကျုပ်အခုဆင်းချင်တယ်၊ခင်ဗျားနဲ့ဆက်မလိုက်နိုင်တော့ဘူး"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Donde viven las historias. Descúbrelo ahora