part-8(Unicode)

3.6K 232 24
                                        

 
   ကျောင်းရှေ့တွင်ဆရာမလေးနှင်းမှုန်ကြိုစောင့်နေလို့သာတော်တော့သည်။မဟုတ်လျှင်ဟိုလူ့ဂွစာမြို့အုပ်မင်းနှင့်မိမိမှာနှစ်ယာက်သားယောင်လည်လည်ဖြစ်နေပေအုန်းမည်လေ။

     ဆရာမလေးနှင်းမှုန်မှာကျောင်းအုပ်ဆရာသစ်ရောက်လာမည်ဆိုသောကြောင့်ကျောင်းရှေ့တွင်ရပ်စောင့်နေခြင်းပင်။ငြိမ်းမောင်တို့ပေါက်ချလာသည်မှာသုံးယောက်တောင်ဖြစ်နေသောကြောင့်အနည်းငယ်ကြောင်သွားသေးသည်၊ပြီးမှအဖြူအစိမ်းမ၀တ်ထားသောနှစ်ယောက်မှာမြို့အုပ်မင်း နှင့်ရုံးအကူမှန်းသိသွားတော့မှပိုပြီးပြာပြာသလဲဖြစ်သွားရ၏။မြို့အုပ်မင်းအသစ်ရောက်သည်ကိုကြားမိသော်လဲဒီလိုကြီးရောက်ချလာမည်ကိုမတွေးမိသောကြောင့်ပင်။

        မြို့အုပ်မင်းတို့အားနှုတ်ဆက်စရာရှိတာနှုတ်ဆက်ပြီးသည်နှင့်ကျောင်းအုပ်ဆရာလေးငြိမ်းမောင်နှင့်အတူကျောင်းအတွင်းသို့၀င်လာလိုက်လေသည်။

    ကျောင်းလေးမှာရွာသားများ၏ကောင်းမှုကြောင့်အများကြီးယိုယွင်းမှုရှိမနေသော်လဲအတော်အတန်တော့ပြင်ယူရပေအုန်းမည်ဖြစ်တာမို့ငြိမ်းမောင်သက်ပြင်းသဲ့သဲ့သာချမိသည်။ဒီကျောင်းလေးမှာအရင်ကမိမိစာပြခဲ့သည့်ကျောင်းကြီး၏လေးပုံ တစ်ပုံမျှသာကျယ်၏။ထို့ကြောင့်လဲဆရာများများမရှိတာဖြစ်နိုင်သည်။ဆရာမလေးနှင်းမှုန်ဦးဆောင်ရာနောက်သို့လိုက်ရင်းတစ်နေရာအရောက်အခန်းတစ်ခုရှေ့တွင်
ဆရာမလေးကခြေလှမ်းရပ်လိုက်သည့်အတွက်မိမိမှာလဲဆရာမလေးနှင့်အတူထိုအခန်းအရှေ့တွင်ရပ်လိုက်မိသည်။

    သံချေးတက်နေသောသံသော့ခလောက်ကြီးနှင့်ခတ်ထားသောအခန်းတံခါးကိုဆရာမလေးနှင်းမှုန်မှာမနည်းအားယူကာဖွင့်နေဟန်ရသည်မို့၀င်ကူကာဖွင့်ပေးလိုက်မှအခန်းတံခါးမှာပွင့်ထွက်လာတော့သည်။တံခါးဖွင့်ဖွင့်ချင်းနှာခေါင်းထဲသို့၀င်လာသောဖုန်မှုန့်များမှာမိမိအလာကို၀မ်းသာအားရစောင့်ကြိုနေသည့်အလားမိမိတကိုယ်လုံးအပေါ်သို့အလုံးအရင်းနှင့်လာရောက်ကပ်ငြိကုန်တော့၏။ဆရာလေးနှင်းမှုန်မှာမိမိအနောက်တွင်ရှိနေသောကြောင့်သူမအပေါ်တွင်သို့မည်သည့်ဖုန်မှုန့်မှကပ်မသွားသော်လဲအနည်းငယ်မွှန်သွားပုံရ၏။မိမိမှာလဲဖုန်မှုန့်များအားရှူမိသောကြောင့်ချောင်းပင်အနည်းငယ်ခတ်မိသွားသည်။ထိုအခါမှဆရာမလေးနှင်းမှုန်မှာအားနာသွားဟန်ရကာ -

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Место, где живут истории. Откройте их для себя