Part-7(Unicode)

3.5K 243 26
                                    

"ဟိုလူဘာလုပ်တာတုန်းကျုပ်အခန်းထဲဘယ်လိုရောက်နေတာလဲအခုထွက်သွားစမ်းပါဗျာ၊သွား...သွားကျုပ်အနားကိုဘာလို့ကပ်လာတာလဲကျုပ်လက်ကိုလွှတ်လို့"

"အားးးးးးကျုပ်နာနေပြီမြို့အုပ်မင်းရဲ့လက်ကိုလွှတ်ခင်ဗျားကျုပ်ကိုဘာလုပ်ဖို့လဲလွှတ် .. လွှတ်လို့
အီးးဟီးးအမေရေကယ်ပါအုန်းမြို့အုပ်မင်းကအနိုင်ကျင့်နေလို့၊ခင်ဗျား ..ခင်ဗျားးကျုပ်ကိုဘာလို့နမ်းတာလဲ ..ဖယ် ....ခင်ဗျားးကျုပ်အပေါ်ကဖယ်နော်ဖယ် ...ဖယ်"

'၀ုန်းးးးးးး'

အိမ်မက်ကမ္ဘာထဲတွင်မြို့အုပ်မင်းနှင့်အချစ်စမ်းနေသောငြိမ်းမောင်မှာတယောက်ထဲရုန်းရင်ကန်ရင်း
ကုတင်ပေါ်မှပြုတ်ကျကာလန့်နိုးလေသည်။

"အို .. ဘယ်လိုအိမ်မက်ပါလိမ့်ရှက်ဖို့ကောင်းလိုက်တာ၊တော်တော်မုန်းစရာကောင်းတဲ့လူအိမ်မက်ထဲထိဒုက္ခလိုက်ပေးတယ်။ကျွတ် ... ကျွတ် .. ကျွတ် .. တင်ပါးကလဲနာလိုက်တာကွာမနေ့ကလဲလှည်းပေါ်ကကျတယ်ခုလဲထပ်ကျပြန်ပြီဟိုလူသိရင်တော့လှောင်အုန်းမယ်တကယ်ကိုမှကောင်းကျိုးတစ်စက်မှမပေးတဲ့လူ"

အနှီငြိမ်းမောင်မှာမိမိတင်ပါးလေးအားကိုင်ကာခက်လွန်းမောင်အားမနက်စောစီးစီးစိတ်ထဲမှပြစ်တင်နေရင်း

'ကလင်~~ကလင်~~ကလင်~~ကလင်'

နံနက်5နာရီအတိကိုသံပတ်ပေးထားသောနာရီကထမြည်လေတော့မှငြိမ်းမောင်နာရီတင်ထားသောစားပွဲနားသွား၍သံပတ်သံတညံညံမြည်နေသောနာရီအားပိတ်ကာဘေးချပြီးမျက်နှာသစ်ရန်ခြံထဲသို့ဆင်းသွားလေ၏။

---------------------------------------------------------------

အောက်ထပ်မှ၀ုန်းခနဲအသံကြားတာကြောင့်ခက်လွန်းမောင်လန့်ကာနိုးသွားရလေသည်။

"ဟာကွာသူများအိပ်နေတာကို၀ုန်းဒိုင်းကြဲနေရသလားကွ၊ဒီလူကတော့တော်တော်လူမှုရေးခေါင်းပါးတာပဲဒါနဲ့များကျောင်းဆရာလုပ်အုန်းမတဲ့လေ.. ကလေးတွေကိုသူ့လိုဖြစ်အောင်သင်မလို့များလား။အဟွန်းး"

ခက်လွန်းမောင်ဟွန်းခနဲတစ်ချက်မဲ့ပြီးအခန်းပြင်ထွက်ကာ၀ရံတာဘက်သို့လျှောက်လာတော့နံနက်ခင်းနေရောင်ခြည်နွေးနွေးလေးကမျက်နှာပေါ်သို့ကျလာလေသည်။တိုက်ခတ်လာတေလေနုအေးတို့ကအရေပြားထက်၀ယ်ပြေးလွှားနေသည့်နှယ်၊တောရွာဓလေ့အရနံနက်စောစောတွင်မိမိအလုပ်ခွင်ရှိရာသွားကြပြီမို့ရွာထဲတွင်လူပင်သိပ်မရှိတော့။ခြံထဲမှအသံကြားတာကြောင့်တစ်ချက်၀ေ့၀ိုက်ကြည့်လိုက်တော့စွာတေးလန်ငြိမ်းမောင်အားတွေ့သွားပြီးမျက်နှာသစ်နေသောအနှီအဖြူလုံးလေးအားမျက်တောင်မခပ်တမ်းစိုက်ကြည့်နေမိသည်။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now