part-10(Unicode)

2.8K 201 7
                                    

မိမိခြံရှေ့အရောက်တွင်ကားရပ်ကာကားဟွန်းတီးမည်အလုပ်အိပ်ပျော်နေသောအနှီလူသားနိုးသွားမည်ဆိုးသောကြောင့်ကားပေါ်မှဆင်း၍အိမ်ထဲရှိမအေးမတို့လင်မယားအားလှမ်းခေါ်ရတော့သည်။
အိမ်ထဲမှမိမိအသံကြား၍ပြာပြာသလဲထွက်ကြိုသောမအေးမတို့လင်မယားမှာအပြေးလေးတံခါးလာဖွင့်ပေးကြ၏။ထို့နောက်မေးမြန်းစပ်စုမှုများ စတော့သည်။

"ဆရာလေးစာမလာသတင်းမကြားပဲဘယ်ကနေဘယ်လိုမြို့ပြန်ရောက်လာတာလဲနယ်ဘက်ကမြို့အုပ်မင်းအလုပ်ကနေပြုတ်ခဲ့တာလား။"

ခရီးဦးမဆိုက် အလိုက်ကန်းဆိုးမသိစွာမေးလိုက်သောမအေးမအားသူ၏ချစ်ခင်ပွန်းကိုသာအေးမှငေါက်တော့၏။

    "အေးမရဲ့နင့်မလဲမေးတတ်ရန်ကောကွာခရီးဦးမဆိုက်တံခါးလေးလဲဖွင့်ပေးလိုက်အုန်းဟ။"

ထိုစဥ်သာအေး၏အကြည့်များမှာကားပေါ်မှသူဆီသို့သာ  ထိုနုစင်သောမျက်နှာအားလှမ်းကြည့်၍မှတ်ချက်ချလိုက်ပုံမှာ -

  "လတ်စသတ်တော့ငါတို့ဆရာလေးကရွာကနေမိန်းမခိုးလာတာကိုးအေးမရဲ့" 

ခက်လွန်းမောင်သာအေးကိုကြည့်ကာရယ်မိတော့သည်။

  "ဘယ်ကသာဗျာ  ကိုယ့်လူရေအဲ့ဒါကျုပ်တာ၀န်ကျတဲ့နေရာကကျောင်းအုပ်ဆရာဗျ မြို့မှာ၀ယ်စရာရှိလို့ကျုပ်နဲ့လိုက်လာတာ ကျုပ်လဲဒီကိုလာတာစက်ဘီးကောင်းကောင်းတစ်စီး၀ယ်မလို့။သြော် ..ပြီးတော့သူ့အတွက်အခန်းတစ်ခန်းပြင်ထားပေးချည်။ကဲကဲ  တံခါးဖွင့်ပြီးရင်လဲဖယ်တော့ဗျို့ ကျုပ်ကားကိုခြံထဲသွင်းတော့ဖို့"

ခက်လွန်းမောင်ခြံထဲသို့ကားမောင်း၀င်လာပြီးအိမ်ရှေ့တွင်ကားရပ်ကာအနှီလူအားနှိုးရတော့သည်။

  "ကိုငြိမ်းမောင်.. ကိုငြိမ်းမောင် ထ တော့လေဗျာ ထတော့ကျုပ်အိမ်ရောက်နေပြီ ထ ထ"

မိမိအသံကြောင့် အိပ်မှုန်စုံ၀ါးဖြင့်ခေါင်းကုတ်ကာနိုးလာသောအနှီလူအားကြည့်ကာ ပြုံးနေမိ၏။

နိုးနိုးခြင်းမိမိမျက်နှာအားကြည့်ကာပြုံးဖြဲဖြဲလုပ်နေသောခက်လွန်းမောင်အားမြင်လိုက်ရသည်မို့အလိုမကျသလိုငြိမ်းမောင်မျက်မှောင်ကြုတ်ကာမေးမိလိုက်သည်။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now