part-13(Unicode)

2.7K 182 24
                                    

နံနက်ခင်းနေရောင်ခြည်နွေးနွေးနဲ့အတူပွေ့ဖက်ထားတဲ့လက်တစ်စုံ စိတ်ထဲခပ်နွေးနွေးကလေးခံစားနေသည်မို့ မျက်စိအစုံကိုအားတင်းဖွင့်ကြည့်မိတော့
ရင်ခွင်ကျယ်တစ်ခု အရာအားလုံးကို ခဏတာပင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားနိုင်သည့်ခံစားချက်၊

မျက်ခုံးထူထူအောက်မှာမှိတ်နေတဲ့မျက်လုံးတွေက အိပ်ပျော်နေတာတောင်ခန့်ညားမှုကအထင်းသား၊ နဖူးပြင်ကျယ်နှင့်မျက်ခုံးထူထူကပနံသင့်စွာ။ ထိုမြင်ကွင်းကိုငြိမ်းမောင်အသက်ရှူရပ်မတတ်ပင်ငေးကြည့်နေမိရင်းဟိုတို့ဒီတို့လိုက်ထိကြည့်နေမိသည်။

ဒီလိုရူပါမျိုးနှင့်သာဆိုကြိုက်တဲ့မိန်းမခေါင်းခေါက်ရွေးရင်တောင်ရနိုင်သည့်ယောက်ျားမျိုးကသူ့လိုယောက်ျား တစ်ယောက်ဆီဖက်တွယ်နေတာကိုနှမြောမိသည်။
မိမိဆီကထွက်သွားမှာကိုလဲကြောက်မိသည်။ အိမ်ထောင်ရေးဘ၀ကိုပြည့်စုံအောင်မဖန်တီးပေးနိုင်သည့်သူ့လိုယောက်ျားတစ်ယောက်ကိုမှ ဖက်တွယ်နေရလားလေ။

"မောင်က သိပ် မိုက် တာပဲ။ဟင့်အင်းမောင့် ကိုနှင်လို့ ရရက်နဲ့အနားမှာဆက်နေစေချင်တဲ့ကျုပ်က ပို မိုက်နေတာပဲ။အတ္တကြီးကြည့်ချင်တယ်မောင် ချည်လို့ရသမျှပတ်နှောင်ထားချင်တယ် တစ်ချိန်ချိန်ကျနှောင်ထားတဲ့ကြိုးတွေကို တင်းလွန်းတယ်ထင်ပြီးမောင်ထွက်ပြေးသွားမှာကြောက်တာ။"

"ဟင့်အင်း..မောင်မပြေးဘူး "

"အမလေး ဗုဒ္ဓေါ"

အိပ်နေသည်အထင်နှင့်မောင့်မျက်နှာအားစေ့စေ့ကြည့်ကာခံစားချက်တွေအားတနင့်တပိုးဖော်ပြနေမိသည့်ကိုယ်ကိုကိုယ်သာရှက်လွန်း၍ထုရိုက်ချင်မိသည်။ကိုယ်တော်ချောကအိပ်ချင်ယောင်ဆောင်နေတာကိုမသိလိုက်တာမို့လန့်သွားရသည်၊ရှက်လဲအလွန်ရှက်သွားသည်ဖြစ်၍အနှီလူရင်ခွင်ထဲခေါင်းတိုးကာအကာကွယ်ယူထားလိုက်၏။

"ဒီကိုကြည့် မောင့်မျက်နှာကိုကြည့်မောင်ပြောမယ်"

မရဲတရဲခေါင်းပြန်ထောင်လာသောချစ်ရသူအနှီအဖြူလုံးလေးအားကြည့်ကာအချစ်ပိုရသလို၊ခုနကကြားခဲ့ရသောစကားများကြောင့်လဲဂရုဏာသက်မိပြန်သည်။

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now