part-5(zawgyi)

2K 71 9
                                    

"ကိုကျောက်ခဲရေကျုပ်တို့သွားကြတော့မလား
တော်ကြာနေဝင်သွားရင်အပြန်ကျမှောင်နေမယ်ဗျ"

"ဟုတ်ပြီမြို့အုပ်မင်းကျုပ်စက်ဘီးသွားထုတ်လာခဲ့
မယ်။"

ကလင်~~~ကလင်~~~ကလင်

"ဟေ့ကောင်ကျောက်ခဲစက်ဘီးကိုလက်ကမြင်း
နေတယ်မင်းအမေဟိုဟာများအောက်မေ့နေရော့သလား ငါမြို့တက်ပြီးဈေးကြီးပေးဝယ်ထားရတာကွ"

"ဟာအဘကလဲကျုပ်ကစစ်ဆေးနေတာပါဗျ
တော်ကြာဘဲလ်တီးမရမှာစိုးလို့ပါဗျာ"

"အေးပါကွာဆရာကြီးကျောက်ခဲရယ်မြို့အုပ်မင်း
ကိုသာသေချာလမ်းပြလှည့်တခုခုဆိုလို့ကတော့မင်းအသေပဲဟေ့"

"သြော်!ရပါတယ်သူကြီးရယ်ဆူမနေပါနဲ့တော့
ကျုပ်ကကလေးမှမဟုတ်တာ***သွားကြရအောင်
ကိုကျောက်ခဲ"

လေပြေသဲ့သဲ့များကစက်ဘီးနင်းနေသောခက်လွန်းမောင်၏ဆံပင်များထဲသို့တိုးဝှေ့ဆော့ကစားနေသရ့်နှယ်ပြေးလွှားနေ၏။ခရီးပန်းလာတဲ့စိတ်သည်ပင်ပြေပျောက်ရသည်အထိ။

ရွာရှိရွက်ကြမ်းရေကြိုအလှလေးများ၏ညနေခင်းရေခပ်ချိန်ဖြစ်တာမို့မြီးကောင်ပေါက်ရွယ်အပျိုဖြန်းကလေးများကမြို့အုပ်မင်းအသစ်ဆက်ဆက်ကလေးအားအိန္ဒေမြဆည်နိုင်ကြည့်နေကြတာမို့ခက်လွန်းမောင်
ရှက်သလိုလိုပင်ဖြစ်လာရ၏။ အိန္ဒေမြဆည်နိုင်ကြည့်
နေသူများထဲတွင်သူကြီးကတော်တူမမြခက်မှာအဆိုးဆုံးပင်။

   "မြခက်နင်ဘယ်နှယ့်လို့မြို့အုပ်မင်းကိုအိန္ဒေမြဆည်နိုင်ပြူးပြဲကြည့်နေတာလဲမြို့အုပ်မင်းကိုနင့်မျက်စိကြီးကျွတ်ပြီးလာမှန်အုန်းမယ်ဟ"

နှမတော်ချော၏အဖြစ်ကိုကြည့်ကာဒေါပွနေသော
ကျောက်ခဲထံမှကြိမ်းမောင်းသံကြားမှမြခက်ရှက်ကိုးရှက်ကန်းဖြစ်ကာ-

"ဟာကိုကြီးကျောက်ခဲကလဲကျုပ်ကကိုကြီး
ကျောက်ခဲတို့ဘယ်သွားကြမှာလဲလို့ကြည့်တာပါ
တော့်ဘာတွေပြောနေမှန်းကိုမသိဘူး။ဒါနဲ့ကျောင်း
အုပ်ဆရာလေးကောကိုကြီးကျောက်ခဲသူကြီးအိမ်မှာ
ကျန်ခဲ့တာလား"

"သိချင်နောက်မှမေးလာစပ်စုမနေနဲ့ဟေ့ငါတို့
သွားစရာရှိသေးတယ်။ သွားကြရအောင်မြို့အုပ်မင်း
သူတို့ကိုဂရုစိုက်မနေနဲ့သူတို့ကစပ်စုမတွေ"

ချစ်ဦးမောင့်သက်လယ် (ချစ်ဦးမောင့်သက်လယ်)Where stories live. Discover now