Book Series Announcement

19.1K 1K 51
                                    

အားလုံးသိတဲ့အတိုင်း ဒီး‌ ရေးတဲ့ စာအုပ်တိုင်းက အဆက်ရှိပါတယ်။ ပါ၀င်တဲ့ ဇာတ်ကောင်တွေက တစ်နေရာမဟုတ် တစ်နေရာမှာ ဆက်စပ်နေကြပါတယ်။

လောလောဆယ်တော့ ပထမရေးတဲ့ Close to youထဲက နွမ်းခါးနဲ့ခွဲခြားရဲ့ ဒုတိယအဆက်ဖြစ်တဲ့ နိုဗယ်လင်းနဲ့ ဒွန်းနေခ "ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ" ကတော့ ဒီမှာပြီးသွားပါပြီ။

တတိယအဆက် ‌နေသူရိန်နဲ့အဂ္ဂလင်းကလည်း "အချစ်နတ်ဘုရားထံ ဦးညွတ်ခြင်း"ဆိုတဲ့ စာအုပ်မှာ ပါ၀င်လာပါတယ်။ တင်ထားပြီးပါပြီ။

စတုတ္ထအတွဲက "ရတုအဆက်ဆက် အလင်္ကာ" နာမည်နဲ့ ရေးမယ့် ဘုရင်ခေတ် မြေ့မိဖုရားသမိုင်းကို အသက်သွင်းမှာပါ။

ပဉ္စမကတော့ သျှံသိုက်နဲ့ ဘုန်းထိုက်‌မော် တို့အတွဲက "နောက်ပြန်သက္ကရာဇ်" ဆိုတဲ့ ၀တ္ထုအနေနဲ့ ရေးလာမှာဖြစ်ပြီး ဇာတ်ကောင်ဒီဒီသွားရှာတဲ့ အောက်လမ်းဆရာက အဲ့စာအုပ်မှာမှ ပါ၀င်လာမှာပါ။

ပြီးရင် အဲ့ငါးအုပ်က အဆက်ပြီးသွားပါပြီ။

လက်ရှိရေးနေတဲ့ "သို့....မှစ၍ ချစ်စကား"ကတော့ လျှံဦးနွေနဲ့ မော်ဦးယံပါ။

သူတို့ရဲ့အဆက်အနေနဲ့ "Monopoly" ဆိုတဲ့ ဇာတ်လမ်းရှိပါမယ်။ ပြီးရင်တော့ အဆက်ထပ်မရှိတော့ပါဘူး။

ဒါက အကုန်ဖတ်မှ အကုန် ရှင်းမယ်ဆိုတဲ့ သဘောပါပဲရှင်🤣

ဇာတ်ကောင်နာမည်တွေကို ခုတည်းက spoilerချပြီး teaserအရင်ထုတ် ကြိုဦးထားမှလားမသိဘူး တော်ကြာ ကိုယ်ရေးတဲ့အချိန် အဲ့နာမည်က ရှိနေရင် မလွယ်တော့ဘူး🥲


Zawgyi

အားလုံးသိတဲ့အတိုင္း ဒီး‌ ေရးတဲ့ စာအုပ္တိုင္းက အဆက္ရွိပါတယ္။ ပါ၀င္တဲ့ ဇာတ္ေကာင္ေတြက တစ္ေနရာမဟုတ္ တစ္ေနရာမွာ ဆက္စပ္ေနၾကပါတယ္။

ေလာေလာဆယ္ေတာ့ ႏြမ္းခါးနဲ႔ခြဲျခားရဲ႕ ဒုတိယအဆက္ျဖစ္တဲ့ ႏိုဗယ္လင္းနဲ႔ ဒြန္းေနခ "ခ်စ္ဝဲဂယက္မွာ မင္းနဲ႔ငါ" ကေတာ့ ၿပီးသြားပါၿပီ။

တတိယအဆက္ ‌ေနသူရိန္နဲ႔အဂၢလင္းကလည္း "အခ်စ္နတ္ဘုရားထံ ဦးၫြတ္ျခင္း"ဆိုတဲ့ စာအုပ္မွာ ပါ၀င္လာပါတယ္။

စတုတၳအတြဲက "ရတုအဆက္ဆက္ အလကၤာ" နာမည္နဲ႔ ေရးမယ့္ ဘုရင္ေခတ္ ေျမ့မိဖုရားကို အသက္သြင္းမွာပါ။

ပၪၥမကေတာ့ သွ်ံသိုက္နဲ႔ ဘုန္းထိုက္‌ေမာ္ တို႔အတြဲက "ေနာက္ျပန္သကၠရာဇ္" ဆိုတဲ့ ၀တၳဳအေနနဲ႔ ေရးလာမွာျဖစ္ၿပီး ဇာတ္ေကာင္ဒီဒီသြားရွာတဲ့ ေအာက္လမ္းဆရာက အဲ့စာအုပ္မွာမွ ပါ၀င္လာမွာပါ။

ၿပီးရင္ အဲ့ငါးအုပ္က အဆက္ၿပီးသြားပါၿပီ။

လက္ရွိေရးေနတဲ့ "သို႔....မွစ၍ ခ်စ္စကား"ကေတာ့ လွ်ံဦးေႏြနဲ႔ ေမာ္ဦးယံပါ။

သူတို႔ရဲ႕အဆက္အေနနဲ႔ "Monopoly" ဆိုတဲ့ ဇာတ္လမ္းရွိပါမယ္။ ၿပီးရင္ေတာ့ အဆက္ထပ္မရွိေတာ့ပါဘူး။

ဒါက အကုန္ဖတ္မွ အကုန္ ရွင္းမယ္ဆိုတဲ့ သေဘာပါပဲရွင္🤣

ဇာတ္ေကာင္နာမည္ေတြကို ခုတည္းက spoilerခ်ၿပီး teaserအရင္ထုတ္ ႀကိဳဦးထားမွလားမသိဘူး ေတာ္ၾကာ ကိုယ္ေရးတဲ့အခ်ိန္ အဲ့နာမည္က ရွိေနရင္ မလြယ္ေတာ့ဘူး🥲

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင္းနဲ႕ငါ) CompletedWhere stories live. Discover now