P 19

46.2K 6.8K 542
                                    

အလုပ်ကိစ္စတွေ ပြီးသွားပေမယ့် လည်ပတ်စရာကျန်နေသေးသည်က အင်းလေးကန်ဖြစ်သည်။ ရှမ်းပြည်ကိုရောက်ရင် အင်းလေးတော့ ရောက်ရမည်မို့ ဒွန်းတို့ တစ်ဖွဲ့လုံး အင်းလေးဘက်ကို ဦးတည်ကြတော့သည်။

စက်လှေတွေငှား ပြီးတော့ အထုတ်များကို လိုအပ်သလောက်ပဲ လှေပေါ်တင်ကြသည်။ နိုဗယ်လင်းက ကမ်းနားမှာ ရပ်နေပြီး အနောက်ကို တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသည်။

ရေကြောက်သည့်သူ့အတွက် ပတ်ပတ်လည် ရေတွေနဲ့ ဝိုင်းနေသော အင်းလေးက လုံခြုံမှု မရှိတာကိုတော့ ခံစားလို့ရသည့်ပုံ။

"နိုနို‌လေး လာလေ လှေပေါ်တက်"

မသီက ခေါ်သော်လည်း နိုဗယ်လင်းက ခေါင်းကိုငုံ့၍ အနောက်ဆုတ်ပြန်သည်။

"မိုးတွေ အုံ့လာပြီ ဖောင်တော်ဦးက အပြန် မိုးရွာမလားမသိဘူးနော်"

စောသဒ္ဒါဖြူက ၀င်ပြောတော့ အဖွဲ့ထဲကလူအချို့က ကောင်းကင်ကို မော့ကြည့်သည်။ ညို့မှိုင်းနေသော ကောင်းကင်ကြီးက တိမ်ညိုတွေ တရွေ့ရွေ့ ဖြတ်ပြေးလို့။

"နိုဗယ်လင်း အကုန်လုံးက မင်းကို စောင့်နေကြတာလေ လှေက စိတ်ချရပါတယ် လာ အပေါ်တက်တော့"

ဒွန်းက လှေနားကနေ နိုဗယ်လင်းကို လက်ကမ်းပေးလိုက်တော့ မျက်နှာလေးကို တည်လိုက်ပြီး လက်လေးလှမ်းပေးသည်။ အပေါ်မှာ ရောက်နေပြီးသား စောရတုက လှမ်းဆွဲပေးရသည်။

ထို့နောက် မသီနှင့် စောသဒ္ဒါဖြူ တို့ကို အရင်တက်ခိုင်းလိုက်ပြီး နောက်မှ ဒွန်းက လှေပေါ်တက်ခဲ့ကြသည်။ အရှေ့ဘက်ကို မျက်နှာမူ၍ လှေစီးကြတော့ လှေဖြတ်သွားသည့် လမ်းပေါ်က ရေတွေက အပေါ်ကို တစ်ချက်တစ်ချက်စင်သည်။

မသီက ဇင်ယော်ကျွေးရန် ပဲခွေကြော်တွေ ၀ယ်လာတာကြောင့် နိုဗယ်လင်းလက်ထဲ ထည့်ပေးသည်။ နိုဗယ်လင်းလက်ပေါ်မှာ ဇင်ယော်ငှက်တို့က လာနားကြသည်ကို ကြည့်ရင်း နိုဗယ်လင်းက အင်းလေးကန်၏ ရေကြည်ကြည် ပတ်လည်ဝိုင်းနေမှုကို အမှတ်ထားမနေတော့ပေ။

စောသဒ္ဒါဖြူ ခန့်မှန်းတာ အနည်းငယ်တော့လွဲသည်။ ဖောင်တော်ဦး မရောက်ခင်မှာပဲ မိုးသားညိုညိုတွေက ပြိုကျလာသည်။ မိုးသည်းတာကြောင့် လှေပေါ်က ထီးပါသူတွေက ထုတ်ဆောင်းကြတော့ နိုဗယ်လင်းကို မိုးပေးရန် ကြည့်မိသည်။ အလယ်မှာ နှစ်ယောက်ခြားသည်ကြောင့် လက်လှမ်း၍တောင် ဒွန်းမမှီနိုင်ပါ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now