P 37

50.9K 7.4K 432
                                    

ဒွန်းနေခနှင့် နိုဗယ်လင်းသည် မြို့နယ်ရဲစခန်းတွင် သက်သေထွက်ဆိုရပေသည်။ နိုဗယ်လင်းက ရဲဖြစ်သူ မေးသည့် စကားများကို ခေါင်းညိတ်ခေါင်းခါသာ ဖြေကြားရသည်။

နိုဗယ်လင်း ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ပြန်ကြားရတော့ ဒွန်း စိတ်မကောင်းပေ။ ဒီကောင်လေး၏ အတိတ်ကမှ ဆိုးပါတယ်ဆို အိမ်ကိုရောက်လာတော့လည်း သူကပါ မုန်းခဲ့သေးသည်။

အပြန်လမ်းတွင်တော့ နိုဗယ်လင်း၏ မျက်နှာလေးကိုသာ ငေးကြည့်မိသည်။ သူ့နှလုံးသားကဒီကောင်လေးကို ပို၍ပင် ဂရုဏာသက်နေမိသည်။ ဒွန်း၏ မိဘများက နိုဗယ်လင်း တောထဲမှ လွတ်လာချိန်တွင် တွေ့ခဲ့ဟန်ရှိသည်။ အန္တရာယ်ကို ခံစားမိ၍ ကလေးငယ်အား ပြန်မပို့တော့ဘဲ မွေးစားခဲ့ဟန် ရှိပေသည်။

ဒွန်း စိတ်သက်သာရာရမိသည်။ အနည်းဆုံးတော့ နောင်ရက်တွေမှာ ဒွန်းသူ့ကို စောင့်ရှောက်ပေးနိုင်သေးသည်။

ဒွန်းက နိုဗယ်လင်း သူ့အတွက် ငိုခဲ့သည်ဆိုသည့် အတွေးကို တွေးမိတိုင်း ကျေနပ်နေသည်။ နိုဗယ်လင်းက တကယ်ကို ချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ။

"နိုဗယ်လင်း ဘာစားချင်လဲ၊ အိမ်မပြန်ခင် တစ်ခုခု ၀င်စားကြမယ်လေ"

နို‌ဗယ်လင်းက ခေါင်းလေးအသာညိတ်ပြသည်။ ချစ်ဖို့ကောင်းသည့် ကောင်လေးကို ဒွန်းအသည်းယားစွာ ပါးလေးအား ဆွဲလိုက်သည်နှင့် ဒွန်းကို ပြန်လှည့်ကြည့်လာသည်။ ဒွန်းကလည်း သူ့ကို ကားမောင်းနေရာမှ လှည့်၍ ပြုံးပြလိုက်ပြီး ခေါင်းလေးကိုပါ ဆွဲဖွလိုက်သည်။

ဘာပဲဖြစ်ဖြစ် နိုဗယ်လင်းတစ်ယောက်ကတော့ သူ့ဘ၀တွင် နောက်ဆုံးအချိန်ထိ အတူရှိပေးလိမ့်မည်ဟု မျှော်လင့်သည်။ နိုဗယ်လင်း သူ့ကိုလိုအပ်နေသ၍ သူကလည်း နိုဗယ်လင်းဘေးမှာ ရှိနေပေးဦးမှာပဲ။

စားသောက်ဆိုင်ရောက်တော့ နိုဗယ်လင်းအတွက် ၀က်သုံးထပ်သားကင်နှင့် ကြက်သားခရုဆီမွှေးကို မှာပေးရသည်။ နိုဗယ်လင်းက ဟင်းအနှစ်တွေ စားရတာ မကြိုက်တော့ ဆိုင်ရောက်တိုင်း မှာစရာရှားသည်။

"ဟတ်ချီး"

နှာချေပြီးနောက် နိုဗယ်လင်းက သူ့နှာခေါင်းလေးသူ လက်ညိုးဖြင့် ပွတ်လိုက်သည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now