P 20

50.8K 7.1K 794
                                    

ဒွန်းနိုးလာတော့ နှဖူးပေါ်မှာ ပုဝါဖြူဖြူက နေရာယူနေသည်။ ဒွန်းမှတ်မိသလောက်ကတော့ ညက ကိုယ်အပူချိန်တွေ တက်လာတာကိုပဲ ဖြစ်သည်။
ကြီးကြီးပဲ ညကလာပြီး ပြုစုပေးခဲ့သလားတော့ ဒွန်းလည်း မမှတ်မိတော့ပေ။

သေချာကြည့်တော့ ဒွန်းရောက်နေတာ နိုဗယ်လင်းအခန်းထဲမှာ။ ညက အရမ်းပင်ပန်းနေလို့ တွေ့တဲ့အခန်း ကောက်၀င်ခဲ့မိတာဖြစ်မည်။

နိုဗယ်လင်းက မနက်စောစော ပြတင်းပေါက်တံခါး ဖွင့်ထားရတာကို ‌သဘောကျသည့်ပုံပဲ။ သူ့အခန်းထဲမှာ မနက်နိုးလာရသည့်နေ့ဆို လတ်လတ်ဆတ်ဆတ် လေနုအေးကို အမြဲ ခံစားရသည်။

ဒီနေ့ ဆေးရုံသွားရမည်။ ရှင်မင်းမြတ် ခွဲစိတ်ရမည့်ရက် နီးလာပြီ။ အခုချိန်ထိ ခွဲစိတ်ဖို့ နားချလို့ မရသေးဘူး။ နှလုံးအစားထိုး အလှူရှင်က နောက်ဆုံးချိန်ရောက်ဖို့ သိပ်မလိုတော့ဘူးဟုကြားသည်။ ဆေးကုသမှုတွေကို ရပ်ပစ်လိုက်တာနဲ့ အသက်ရှင်စဉ်က သူလှူရန် ရည်ရွယ်ထားသည့် နှလုံးတစ်စုံကြောင့် သူသေဆုံးသွားချိန်မှာ နောက်လူတစ်ယောက်ကတော့ အသက်ရှင်နိုင်ဦးမည်။

ဒွန်းအ‌တွေးများနဲ့ အောက်ထပ်ဆင်းလာတော့ နိုဗယ်လင်းက apron အပြာနုရောင်လေးကို သေသေသပ်သပ် ၀တ်ထားပြီး မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည်။

"ဒွန်း ‌နေမကောင်းဘူးဆို"

ဦးနောင်က မေးလာသည်မို့ အာခြောက်နေသည်ကို ပြေစေရန် တံတွေးမြိုချလိုက်ပြီးမှ အသာပြုံး၍ ခေါင်းညိတ်ရသည်။

"ဟုတ် ဦးနောင် အခုတော့ သက်သာသွားပါပြီ"

"အေးအေး မင်းညီလေးက ဆန်ပြုတ်ပြုတ်ပေးနေတယ် ဆေးသောက်ပြီးမှ ဆေးရုံသွားလေ မသက်သာလည်း နားလိုက်ပေါ့"

"ဟုတ် ကျွန်တော် မသွားလို့ မဖြစ်တဲ့ caseတစ်ခု ရှိနေလို့ပါ"

"အေးအေး ဒါဆို ဆေးသောက်ဖို့ မမေ့နဲ့နော်"

ဒွန်းက ခေါင်းညိတ် နှုတ်ဆိတ်၍သာ စကားပြန်လိုက်ပြီး စားပွဲပေါ်တွင် ထိုင်လိုက်သည်။ ကြီးကြီးက ဒွန်းသောက်ဖို့ ဆန်ပြုတ်တစ်ခွက် လာချပေးသည်။ ကြက်သားဖတ်များများနဲ့ ဆန်ပြုတ်ပူပူက ဒွန်းကို အားပြည့်သွားစေသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now