P 29

47.6K 6.9K 200
                                    

နိုဗယ်လင်းကို ဆုတံဆိပ် ချီးမြှင့်မည့် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားလွှာပို့လာသည်။ သူ့ထက် ပိုပြီးဒွန်းက စိတ်လှုပ်ရှားရသည်။ ကိုယ်တိုင်ပဲ ဆုတက်ယူဖူးပေမယ့် အုပ်ထိန်းသူအနေနဲ့ အခမ်းအနားတက်ရောက်ရလိမ့်မည်ဟု သူဘယ်တုန်းကမှ တွေးမထားခဲ့ပါ။

ပွဲက ညဘက်ဖြစ်တာကြောင့် သူ့အတွက် အ၀တ်အစား၀ယ်ပေးရမည်ဟု တွေးရင်း မြန်မာပလာစာကို ခေါ်လာရသည်။ နိုဗယ်လင်းကို အနောက်တိုင်းစတိုင်ဆင်လျှင် လူကြီးပေါက်စပုံ ပေါက်သွားမည်။ သူ၀တ်နေကျလို ဆင်ပေးပြန်ရင်လည်း ကလေးပေါက်စပုံ ပေါက်သွားပြန်မည်။ အ၀တ်အစားက အဓိကပဲလေ။ ဒွန်းက သူ့အတွက် ခေါင်းအစ ခြေအဆုံး အကုန်လိုက် လုပ်ပေးနေရတာကြောင့် ဒီကလေးက ကိုယ့်ကိုယ်ကို အားကိုးနိုင်စွမ်း နည်းပါးလေသည်။

"ငါသာမရှိရင် မင်းဘယ်လိုလုပ်မလဲ နိုဗယ်လင်း"

ဒွန်း၏ အမေးစကားကို နိုဗယ်လင်းက ပြန်‌မဖြေပါ။ ဒွန်း ပြုံးမိသည်။ နိုဗယ်လင်းက သူမရှိလို့မဖြစ်တဲ့ အခြေအနေမဟုတ်လား။ သူ့ရဲ့နေ့တာတိုင်းကလည်း ဒွန်း၏ စီမံမှုအောက်မှာပဲ ရှိပြီး အချိန်တိုင်း ဒွန်းခြေ ဒွန်းလက် ဖြင့်သာ ဆုံးဖြတ်ပေးနေကျပဲ။ ဘာပဲဖြစ်ဖြစ် နိုဗယ်လင်းကတော့ နောက်ဆုံးအချိန်ထိ ဒွန်းကို လိုအပ်သွားမှာပဲ။

မြန်မာပလာစာကိုရောက်တော့ ဆိုင်ထဲကို၀င်လာသည်နှင့် ၀န်ထမ်းမလေးများက အပြုံးနှင့် ကြိုဆိုကြသည်။ ခန့်ညားသည့် ယောကျာ်းတစ်ဦး၏ ‌ဘေးမှာပါလာသော ချစ်စရာကောင်းသည့် ကလေးမျက်နှာလေးနှင့် ကောင်လေးကို ပိုတောင် စိတ်၀င်စားကြသေးသည်။

"အကို ဘာယူမလဲရှင့်"

"အကို့ အတွက် မဟုတ်ဘူး၊ အကို့ ညီလေးအတွက်ပါ၊ ပွဲတက်တဲ့အခါ သက်တောင့်သက်သာ ရှိပြီး အရမ်းလည်း လူကြီးမဆန်တာလေးတွေ တစ်ချက်လောက် ရွေးပေးပါလား"

၀န်ထမ်းကောင်မလေးက နိုဗယ်လင်းကို တစ်ချက်ကြည့်ပြီး ခပ်သွက်သွက် အ၀တ်အစားတွေ ယူကာ ပြန်ထွက်လာသည်။

"မောင်လေး တစ်ချက် အထဲမှာ ၀တ်ကြည့်ပါလား"

နိုဗယ်လင်းကို အခန်းထဲ ခေါ်သွားတာကို ငေးကြည့်နေပြီးမှ ဒွန်းသတိရသည်။ နိုဗယ်လင်းက သူ့ဘာသာ ၀တ်ကြည့်လျှင် ဒုက္ခများနေမည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now