P 30

50.6K 6.8K 303
                                    

ခန်းမထဲတွင် ကင်မရာမီးများက တဖျပ်ဖျပ် လင်းနေသည်။ ဗွီဒီယို ရိုက်ကူသူများကလည်း တိုက်ရိုက်ထုတ်လွှင့်နေသည်မို့ ဖြစ်ပျက်နေသည်ကို အလွတ်မပေးပဲ အမိအရ ရိုက်ကူးနေကြသည်။

နိုဗယ်လင်း၏ ခန္ဓာကိုယ်ကို ရင်ခွင်ထဲ ဆွဲသွင်းထားပေမယ့် ဘေးနားက ဝိုင်း‌အုံနေမှုကြောင့် ဒွန်းကိုယ်တိုင်ပါ ဒေါသထွက်လာရသည်။ နိုဗယ်လင်းကို ဒီလာဖို့ ခေါ်လာခဲ့တာ သူ့အမှားလို့ပဲ တွေးနေမိသည်။

ရုတ်တရက် ခန်းမဆောင်က အမှောင်ကျသွားသည်။ အထဲရှိလူများကလည်း ကြောင်အ သွားကာ မီးစက်နှိုးရန် အော်သူက အော်နေကြသည်။

"ဒွန်း အရင်ဆုံး နိုနို့ကို အပေါ်ထပ်ခေါ်သွားပါလား၊ ကျွန်တော် ဒီဟိုတယ်မှာ အခန်းယူထားတယ် 136နော်၊ ဒီမှာသော့"

ဒွန်းနားကို ကပ်၍ Limက ဆိုလေလျှင် ဒွန်းက နိုဗယ်လင်းကို ဆွေ့ခနဲ ကောက်ပွေ့ပြီး ပွဲထဲက အမြန်ဆုံး ထွက်ခဲ့သည်။ ဒွန်းတို့ ထွက်သွားတာ သေချာမှ Limက မီးကို ပြန်ဖွင့်ပေးလိုက်သည်။ ခန်းမထဲမှာ မီးများပြန်လင်းလာပေမယ့် အဓိကကျသူ နိုဗယ်လင်းက ရှိမနေတော့ပါ။

Lim ပြောသည့် အခန်းထဲသို့ နိုဗယ်လင်းကို ပွေ့ချီလာခဲ့သည်။ တုန်ရီနေသည့် ခန္ဓာကိုယ်လေးက အနည်းငယ်တော့ ငြိမ်ကျသွားပြီ။ သန့်ရှင်းရေး လုပ်နေသည့် ဟိုတယ်၀န်ထမ်း အကူအညီဖြင့် အခန်းကို သော့ဖွင့်၍ ၀င်ရသည်။ အခုချိန် ဟိုတယ် အပြင်ဘက်ကို ထွက်ရင်လည်း မီဒီယာတစ်ချို့ ရှိနေလိမ့်မည်။ နိုဗယ်လင်းကို အခုချိန် အိမ်ပြန်ခေါ်မသွားတာ အကောင်းဆုံးပဲ။

"နိုဗယ်လင်း ငါ့ကို ကြည့်ပါဦး အဆင်ပြေရဲ့လား"

ကုတင်ပေါ်မှာ ချလိုက်ပြီး မျက်နှာလေးကို အုပ်ကိုင်၍ မေးမိသည်။ သူအနည်းငယ်တော့ တည်ငြိမ်သွားရှာပြီ။ မိုက်ကြိုးလွတ်သံက အရမ်းကျယ်တော့ သူလန့်သွားတာဖြစ်မည်ဟု တွေးလိုက်ပြီး စားပွဲပေါ်က ရေဘူးကိုဖောက်၍ ဖန်ခွက်ထဲ ရေထည့်ကာ တိုက်ရသည်။

"ချွေးတွေနဲ့ စိုနေပြီ၊ အ၀တ်လဲထားရအောင် လာ"

ကုတင်ခြေရင်းတွင် ခေါက်ထားသော bathrobeကို ယူ၍ နိုဗယ်လင်းကို လဲပေးရသည်။ သူစိတ်ငြိမ်သွားပြီ ဆိုတာ သေချာမှ ဒွန်းလည်း သက်ပြင်းချနိုင်တော့သည်။ နိုဗယ်လင်း ရုတ်တရက် တစ်ခုခုဖြစ်ပြီဆို သူတကယ်ပဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now