P 6

50.8K 7.3K 207
                                    

ရုတ်တရက် မျက်လုံးထဲမှာ အလင်းရောင်ကို ခံစားရသည်။ မျက်လုံးကို ဖွင့်ကြည့်တော့ ပြတင်းပေါက်ကနေ လိုက်ကာဖွင့်ထားတာကြောင့် အလင်းရောင် ကောင်းကောင်းရနေသည်။ တဆက်တည်းမှာပဲ အအေးဓာတ်ကို ခံစားလိုက်ရသည်။ အပြင်က ကျနေသည့် ဖြူဖွေးဖွေး အဖတ်လေးများကို မြင်လိုက်ရတော့ နှင်းကျနေမှန်း သိလိုက်သည်။

ပြတင်းပေါက်နားတွင် နိုဗယ်လင်းကထိုင်နေ၍ လက်ထဲတွင် ပန်းချီဆေးခွက်ကို ကိုင်ထားပြီး ကျန်တစ်ဖက်က စုတ်တံကို ကိုင်ထားသည်။ ပါးစပ်တွင်လည်း စုတ်တံတစ်ချောင်းကို ကိုက်ထားသေးသည်။ Apron အပြာရောင်လေးကတော့ ဆေးစက်တွေနဲ့ ပေပွလို့။

ဒွန်း အိပ်ရာပေါ်မှာ ခေါင်းအုံးကိုမှီကာ ထိုင်နေသည်အထိ နိုဗယ်လင်း၏ အာရုံက ပန်းချီထဲတွင်သာ ရှိသည်။ အေးချမ်းတဲ့နေရာမှာ သူပိုပျော်ပုံရသည်။ ရန်ကုန်ကိုလိုက်လာလျှင် သူစိတ်ဆင်းရဲရတော့မည်။ သူကြည့်စရာ နှင်းမရှိ။ သူဆွဲစရာ ရှုခင်းမရှိ။ ရာသီဥတုက ပူတော့ ရေမချိုးချင်သည့် သူ့အတွက် အခက်အခဲ ဖြစ်မည်။

"နိုဗယ်လင်း မင်းဒီမှာပဲ နေခဲ့ချင်သလား"

ဒွန်းမေးသည်ကို လှည့်ကြည့်ပြီး ပန်းချီဆက်ဆွဲနေသည်။ အတန်ကြာ‌မှ သူက

"No"

ဟု ပြန်ဖြေလေသည်။ ဒွန်း ပြုံးမိသည်။ ဒီမှာနေတာ ပိုကောင်းမှန်း ‌ရန်ကုန်ရောက်သည့် ပထမဆုံးနေ့မှာပဲ သူတွေးလိမ့်မည်မှာ သေချာသည်။

"နိုဗယ်လင်း ငါ ဗိုက်ဆာတယ်"

မနက်စာစားချိန် မမှီလိုက်တာကို သိနေတော့ နိုဗယ်လင်းကို ဗိုက်ဆာနေကြောင်း သိစေရန် ဗိုက်ကို ပွတ်ပြ၍ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ပန်းချီဆွဲတာကိုရပ်ပြီး စားဖို့တစ်ခုခု သွားယူပေးလိမ့်မည်လို့တော့ မမျှော်လင့်ထားပါ။

မုန့်ဗန်းကို ကိုင်ကာ ပြန်၀င်လာပြီး စားပွဲပေါ် ချပေးမှ ဒွန်း စားဖို့ ယူလာပေးမှန်း သိတော့သည်။

မျက်နှာ၀င်သစ်ပြီး ပြန်ထွက်လာတော့ နိုဗယ်လင်းက အခန်းထဲတွင် ရှိမနေ။ ဆွဲလက်စပန်းချီကားကတော့ အချောသတ်ရန်ပဲ လိုတော့သည့်ဟန် နှင်းတောထဲက ထင်းရှူးပင်တွေကို ငေးကြည့်နေသည့် ကောင်လေးတစ်ဦး၏ အသွင်အပြင်။ ထိုကောင်လေးကတော့ နှင်းတောထဲရောက်နေတာတောင် နွေးထွေးနေသဏ္ဍာန် လက်နှစ်ဖက်ကို ဆန့်တန်းနေဟန် ရေးဆွဲထားသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now