"ဆရာ ကျွန်တော် တိုင်ပင်စရာလေးရှိလို့ပါ ဒီဆေးမှတ်တမ်းလေး တစ်ချက်ကြည့်ပေးပါလား"
ဒွန်းက ဆေးရုံမှာ လုပ်သက်အရင့်ဆုံး ဒေါက်တာဦးမြင့်မိုးရဲ့ အခန်းထဲမှာထိုင်ပြီး သူမသိသေးတာတွေကို မေးရန် စိတ်အားထက်သန်နေသည်။
"နိုဗယ်လင်းဆိုတာ ဒီဆေးရုံမှာ တက်နေတဲ့ လူနာလား"
ဦးမိုးမြင့်၏အမေးကို ဒွန်း သက်ပြင်းချ၍ ခေါင်းခါလိုက်သည်။
"ကျွန်တော့ညီလေးပါ"
"ဪ ဟုတ်ပြီ သူ့ဆေးမှတ်တမ်းက ဘာမှားနေလို့လဲ"
"ဆရာ ဒီမှာပါ သူ့အခြေအနေက အပေါ်ယံပဲ သုံးသပ်မယ်ဆို အော်တစ်စင်နဲ့ ဆင်တူပါတယ် ဒါပေမယ့်သူက အော်တစ်စင်တွေလောက်တောင် တုန့်ပြန်မှု မမြန်ပါဘူး ဒါပေမယ့် သူက ညဏ်မမှီတဲ့သူလည်းမဟုတ်ပြန်ဘူး"
ဒွန်းက စကားကို ခဏရပ်လိုက်သည်။ အတန်ကြာစဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ကျွန်တော့ မိဘတွေက သူအသက်လေးနှစ်မှာ မွေးစားခဲ့တာပြီးတော့ အဲ့တည်းက သူက ဒီလိုပုံဖြစ်နေတာဆရာ ကျွန်တော်သိချင်တာက ခံစားချက်တွေကို ထုတ်မပြတာ မခံစားနိုင်တာက မွေးရာပါပဲ ဖြစ်နိုင်လား ဒါမှမဟုတ် တစ်ခုခုထိခိုက် နာကျင်စရာများဖြစ်ခဲ့လို့လား ကျွန်တော်စဉ်းစားလို့မရဘူးဖြစ်နေလို့ ဆရာ့ကို အကူညီတောင်းတာပါ သူ့ဆီကလည်း ဘာမှသိရမှာ မဟုတ်တော့လေ"
"ဒါကတော့ အခြေအနေ အမျိုးမျိုးရှိပါတယ် မွေးရာပါဆိုရင်ဝောာင် အခု အသက်၁၈နှစ်ရှိပြီမို့ သူဒီခံစားချက်တွေကို မသိတာ နားမလည်တာတော့ မရှိလောက်ဘူး ထုတ်မပြပဲ ထုံအအလေး ဖြစ်နေတာဆိုရင်တော့ သေချာပေါက် အတွင်းစိတ်မှာ ဒဏ်ရာရှိတာမျိုးပေါ့"
"ဒါပေမယ့် ဆရာ သူအသက်လေးနှစ်မှ ကျွန်တော်တို့ဆီ ရောက်လာတာဆိုတော့ အဲ့ဒီအရှေ့ပိုင်းကာလတွေက သူအရမ်းငယ်သေးတယ် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်မှုက လေးနှစ်အောက်ကလေးတွေမှာရော ရှိနိုင်လား မှတ်ညဏ်ထဲမှာ ဆွဲနေတာမျိုး ရှိနိုင်လားဆရာ"
YOU ARE READING
2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) Completed
RomanceJust listen to the heart, everything will be okay