P 2

62.7K 7.5K 121
                                    

St. Perry လမ်းက မိုးမခပင်ကြီးများ ဖုံးအုပ်ထားသော လမ်းဖြစ်သည်။ ဆောင်းရာသီ ဖြစ်တာကြောင့် နှင်းရည်လေးများ တွဲခို‌ကာ အအေးဓာတ်ကို ပိုကဲစေသည့်အလား။ ကျောပိုးအိတ်တစ်လုံးသာ ကျောပေါ်မှာလွယ်ထားပြီး ကုတ်အကျီအရှည်ကို ၀တ်ထားသောလူတစ်ယောက်က နှစ်ထပ်တိုက်အိမ်လေးကို ငေးကြည့်နေသည်။ အိမ်ထဲမှာ ကလေးတွေပြေးလွှားနေကြသည်။ မကြာခင် Christmas ရောက်တော့မှာမို့ ထင်းရူးပင်ကို အလှဆင်ရင်း ‌ရယ်မောနေကြသည်။ ထိုအိမ်ရှေ့တွင် ဒွန်းနေခ ရပ်နေခဲ့သည်မှာ မိနစ်တော်တော်ကြာနေပြီ ဖြစ်သည်။

လွန်ခဲ့တဲ့ ရှစ်နှစ်က နိုဗယ်လင်း အသက် ၁၀နှစ်ပဲ ရှိဦးမည်။ သူ့ရုပ်ကိုတောင် သိပ်မမှတ်မိချင်တော့ဘူး။ ရိုက်ထားသည့်ဓာတ်ပုံများကိုလည်း နိုဗယ်လင်းထွက်သွားသည့် နေ့ကတည်းက ပုံးထဲထည့်၍ သိမ်းထားလိုက်ပြီ ဖြစ်တာကြောင့် ငယ်ငယ်က သူ့မျက်နှာကိုတောင် မမှတ်မိချင်တော့ပါ။ သူလည်း ကျွန်တော့်ကို မှတ်မိမည်မထင်။

အိမ်တံခါးက လူခေါ်ဘဲလ်ကို နှိပ်လိုက်တော့ ကလေးမလေးတစ်ဦး လာဖွင့်ပေးသည်။

"Hello!"

ကလေးမလေးက စတင်မိတ်ဆက်လေတော့ ပြုံးပြလိုက်ရင်း အရပ်ကို တန်းတူဖြစ်သွားစေရန် ဒွန်းက ဆောင့်ကြောင့်ထိုင်လိုက်သည်။

"Hello! I'm Doon. Can I see Aunt Nilar?"

"Yes. Come in."

ကလေးမလေးက ဒွန်းကို ဧည့်ခန်းမှာ ထားခဲ့ပြီး အခန်းတစ်ခုထဲပြေး၀င်သွားသည်။ ဧည့်ခန်းအတွင်း သားမွှေးတစ်ခုကို ခင်းထားသည်။ Christmas သစ်ပင်တွင် မီးလုံးလေးများချိတ်ဆွဲနေသည့် ကလေးအချို့ကို တွေ့ရသည်။ မီးလင်းဖိုကြီး ဘေးတွင် ခြေအိတ်များချိတ်ထားပြီး လက်ဆောင်ပစ္စည်းများ ပုံထားသည်ကိုလည်း တွေ့ရသည်။ အိမ်အပြင်အဆင်ကို ငေးကြည့်နေရင်း အမေတို့ရှိစဉ်က ဒီအိမ်ကို လာလည်ဖူးတာကို အမှတ်ရမိသည်။ အဲ့ဒီအချိန်က ကလေးအချို့နဲ့လည်း ဒွန်း ပြေးလွှားကစားဖူးသည်။ ဒီအိမ်က မိဘမဲ့ကလေးများ ဆွံ့အနားမကြားသောကလေးများ ညဏ်ရည်မမှီသောကလေးများအတွက် မေတ္တာဂေဟာလေးဖြစ်သည်။ မိဘများရှိစဉ်က အလှူဆိုလျှင် ဒီကိုသာ လာလုပ်ဖြစ်ကြတာ များသည်။ နှစ်ထပ်အိမ်ဆိုပေမယ့် အရှေ့က ကြည့်လျှင်သာ လူနေအိမ်ပုံဆောက်ထားပေမယ့် အနောက်ဘက်ကို ကျောင်းဆောင်ကဲ့သို့ အရှည်လိုက် ဆောက်ထားတာကြောင့် ကလေးအယောက် ၅၀လောက် အသာလေး နေလို့ရပေသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now