ညစာစားတော့ နိုဗယ်လင်းကို မေမိုးမဒီက ခွံ့ကျွေးရန် ထမင်းကို ဆီစားနယ်၍ ကြက်သားကြော်ကို ပန်းကန်ထဲတွင် မွှပေးထားသည်။ မေမိုးမဒီက သူ့ထမင်းကို အရာမယွင်း နိုဗယ်လင်းကို ခွံ့ကျွေးရန်သာ စိတ်အားသန်နေသည်။
"သူ့ဘာသာ စားတတ်နေပါပြီ"
"ဪ သူ့ဘာသာစားတတ်တယ်ဆိုတာ ဟိုမှာ ခွံ့ကျွေးမယ့်လူမရှိလို့ပေါ့ ဒွန်းရဲ့ အခုကြည့် မ ခွံ့တော့လည်း စားတာပဲ မဟုတ်လား"
ဒွန်း သတိထားမိသည်က နယ်သာလန်မှာ စားသည့်ပမာဏထက် မေမိုးမဒီ ခွံ့ကျွေးသည်ကို စားသည့်ပမာဏက ပိုများသည်။ မြန်မာပြည်ရဲ့ ထမင်းကို မစားရတာကြာတော့ သူနှစ်သက်သည်ထင်ပါရဲ့။
"ဒွန်း ကြက်သည်းကြက်မြစ်ကြိုက်ရင်ထည့်စားနော်၊ မ မကုန်ဘူး"
"မစားပါဘူး ကလီစာတွေ မကြိုက်ဘူး"
"ဪ အေးအေး၊ ဒွန်းရဲ့ အမဲသားက ကလီစာမပါတဲ့ အကောင်ဆိုတော့လေ"
"ကဲ တော်ကြတော့ စားသောက်နေတာကို စကားနာထိုးမနေနဲ့၊ ကြီးကြီးပြီးပြီ ၊နိုနို့ကို ကြီးကြီး ခွံ့ကျွေးပေး ရမလား"
"သူ့အသက် ၁၈နှစ်ရှိပြီနော်၊ မေ့နေကြမှာ စိုးလို့"
ဒွန်းက ရွဲ့ကာ ပြောလိုက်တော့ ဦးနောင်က ရယ်၍
"လာ ဒွန်းကို ဦး ခွံ့ကျွေးမယ်"
"ဦးနောင်"
ဒွန်း ဘာမှ ဆက်မပြောတော့ပဲ ထမင်းကိုသာ ဆက်စားနေလိုက်တော့သည်။ ဒွန်းတစ်ခုတော့ သဘောကျသည်။အရင်က မိုးချုပ်မှ ပြန်လာတော့ တစ်ယောက်တည်း ထမင်းစားရသည်ထက် မ ရော ကြီးကြီးတို့နဲ့ရော လက်စုံစားရသည်ကို ပိုကြိုက်မိသည်။
"နိုနို ၀က်ဝံရုပ်လိုချင်ရင် မရဲ့ ၀က်ဝံရုပ် ပေးထားမယ်နော်၊ မေမေပေးခဲ့တဲ့ တစ်ခုလေ"
ဒွန်းတို့ရရင် မေမိုးမဒီလည်း တစ်ခုရမှာပဲလေ။ ပန်းရောင် ၀က်ဝံရုပ်ကြီးကို နိုဗယ်လင်း အခန်းထဲသယ်သွားတော့ ဒွန်းက လိုက်ကြည့်၍ မနေနိုင်သည့် အဆုံး
"နိုဗယ်လင်း ငါ့အရုပ်ယူထား၊ မ အရုပ်ကို ပြန်ပေးလိုက် ၊မ က ၀က်ဝံရုပ်မရှိရင် အိပ်မပျော်တတ်ဘူး"
YOU ARE READING
2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) Completed
RomanceJust listen to the heart, everything will be okay