P 40

55.6K 7.2K 513
                                    

ရှင်မင်းမြတ်တစ်ယောက် ဆေးရုံ ဆင်းရပြီ။

ဒွန်းက လိုအပ်တာတွေကို မှာကြား‌ပေးနေရသည်။ ရှင်မင်းမြတ်ကို သူ့အဖေကိုယ်တိုင် ဆေးရုံမှ လာကြိုသည်။ သဘောထား ပြည့်၀သော ဒုတိယဇနီး၏ ခွင့်ပြုချက်ဖြင့် ရှင်မင်းမြတ်က ဖခင်နှင့်အတူ လိုက်နေရမည်။

"ဦးဦး ကိုကြီးနိုနိုကို ခေါ်မလာဘူးလား"

"အင်း၊ သူက ခဏနေ ရောက်မယ်ထင်တယ်၊ မီးမီး စောင့်ပြီးနှုတ်ဆက်သွားလေ"

"ဟုတ်"

ရှင်မင်းမြတ်က နိုဗယ်လင်းကို အတော်ကို ခင်တွယ်နေရှာပြီ။ ဒွန်းကလည်း သူတို့ သူငယ်ချင်းနှစ်ဦး တစ်ဦးကိုတစ်ဦး ဖေးမကြတာကို မြင်ရတော့ ပီတိဖြစ်ရပါသည်။

နိုဗယ်လင်းက နေ့လည်စာ စားခါနီး အချိန်မှ ဆေးရုံသို့ ရောက်လာသည်။ သူ့လက်ထဲတွင် ဘူးကြီးတစ်ဘူးပါ ကိုင်လာသည်မို့ ဒွန်းက မျက်မှောင်ကြုံ့၍ ကြည့်နေမိသည်။ ဂျူတီချိန်မပြီးသေးတာတောင် နိုဗယ်လင်း မလာသေးလို့ အပေါက်၀ကနေ ထွက်စောင့်နေတာ ဒွန်း ဗိုက်ဆာနေလို့ရယ်ပါ။

"ဘာကြီး ယူလာတာလဲ"

ဒွန်းမေးသည်ကို အဖတ်မလုပ်ဘဲ နိုဗယ်လင်းက တစ်စုံတစ်ရာကို ရှာဖွေနေသည်။ ဒွန်းက နိုဗယ်လင်းဆီက အထုတ်တွေကို လှမ်းယူလိုက်ပြီး မေးရသည်။

"ဘာတွေ လိုက်ရှာနေတာလဲ ပိစိရဲ့"

ဒွန်းက နိုဗယ်လင်းကို စကားမရှိ စကားရှာရတာကို ပိုနှစ်သက်လာသည်။ ပြီးတော့ သူ ဒီကောင်လေးကို မတွေ့ရရင် တစ်ခုခု လိုနေသလိုပဲ။ သိပ်မကြာလိုက်ပါ ဒွန်းအနောက်မှ ရှင်မင်းမြတ်၏ အသံကိုကြားလိုက်ရသည်။

"ကိုကြီးနိုနို"

ရှင်မင်းမြတ်ကို မြင်တော့ နိုဗယ်လင်း၏ မျက်လုံးတွေက အရောင်တောက်သွားသည်။ ပြီးတော့ ဒွန်းလက်ထဲက ဘူးကို ပြန်ယူသွားသည်။ နိုဗယ်လင်း လုပ်သမျှ လိုက်ကြည့်နေရင်း ဒွန်း ခန့်မှန်းနေရသည်က သိပ်တော့မလွယ်ပေ။

နိုဗယ်လင်းက ရှင်မင်းမြတ်ကို သူယူလာသည့် ဘူးကိုပေးတော့ ရှင်မင်းမြတ်က အံ့အားသင့်သွားရသည်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now