P 1

101K 8.2K 220
                                    

"ဒေါက်တာ appointment တစ်ခုရှိပါတယ်နော် Patientနာမည်က ကိုခွဲခြားတဲ့"

"အင်း ကျွန်တော် လိုက်ခဲ့မယ်နော် မသီ ခဏဧည့်ခံထားလိုက်ပါဦး"

"ဟုတ်ကဲ့"

ဒေါက်တာ ဒွန်းနေခ။ စိတ်ရောဂါကုဆရာ၀န်ဟု အများက သိကြသော ကျွန်တော်က စိတ်ရောဂါ ခံစားနေရသူများအတွက် စိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်စေရမည်။ အားကိုးယုံကြည်ရာလည်း ဖြစ်စေရမည်ဟု မိမိကိုယ်ကို နှလုံးသွင်းထားသည်။

ခွဲခြားက ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်း ကျောင်းနေဖက်ပေါ့။ ကောင်လေးတစ်ယောက်ကြောင့် အိမ်မက်တွေ ဆက်တိုက်မက်ပြီး အိပ်ဖို့ရန်တောင် မရဲတော့ဘူးဟု ဆိုလာလေသူ။ သူ့ကို အကြံပေးနေခဲ့တာ နှစ်လကျော်လောက်ရှိနေပြီ။ သူ့စကားတွေကို နားထောင်ရင်း သူ့မျက်၀န်းထဲက ထိုကောင်လေးအပေါ် ထားရှိသည့် စိတ်နေသဘောထားကို ရိပ်မိပေမယ့် ကာယကံရှင်ကတော့ အခုထိ ငြင်းကောင်းနေဆဲ။

နေ့စဉ်မပြတ် လူနာတွေကို ကြုံတွေ့လာရတော့ အသက်ငယ်ပေမယ့် အတွေ့အကြုံကတော့ တော်တော်များသည်ဟု ဆိုရမည်။ ခွဲခြားနှင့်ဆွေးနွေးမှုကဏ္ဍ ပြီးသွားတော့ ရုံးခန်းသို့ ပြန်၀င်ကာ ဂျူတီကုတ်ကို ချွတ်၍ ခုံပေါ်တင်ထားလိုက်ပြီး ခေတ္တခဏ မှေးစက်ရန် ကြံရွယ်လိုက်သည်။

တီတီ.....တီတီ...တီတီ....

တုန်ခါသံနှင့်အတူ မြည်လာသော ဖုန်းသံကြောင့် ဖုန်းနံပါတ်ကိုကြည့်တော့ contactမှာ မှတ်ထားသည်က အန်တီနီလာဟူ၍သာ။ အန်တီနီလာဟုဆိုလျှင် တစ်စုံတစ်ယောက်သောသူ အကြောင်းသာ ပြောရန်ရှိသည်။

"ဟယ်လို"

"ဟယ်လို ဒွန်းရေ နေကောင်းရဲ့လား"

"ဟုတ်ကဲ့ ကောင်းပါတယ်"

"အေးအေး မနက်ဖြန်ဆိုရင် နိုနို ကျောင်းပြီးပြီ သူကျောင်းပြီးရင် သားပြန်ခေါ်မယ်ဆိုလို့လေ မအားသေးရင် အန်တီစောင့်ရှောက်ထားပေးလို့ရတယ်နော် သားသဘောပါ လာခေါ်မှာလား"

နိုနို။ နာမည်အပြည့်အစုံက နိုဗယ်လင်း။ တိတိကျကျပြောရရင် ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သွေးမတော်သားမစပ်သည့် ဆွေမျိုး။ အားလုံးသိကြသည်က ကျွန်တော့ရဲ့ညီ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now