P 14

46K 6.5K 111
                                    

နိုဗယ်လင်း အိပ်နေစဉ် သူ့အခန်းတွင်း ပစ္စည်းများကို ကြီးကြီးက ရှင်းပေးနေသည်။ ဒွန်း လှည့်ပတ်ကြည့်ရင်းက နိုဗယ်လင်း ဆွဲလက်စ ပန်းချီကားကို မျက်စိရောက်သွားတော့ ထိုပန်းချီကားကို အနီးကပ်သွားကြည့်မိသည်။

အနီရောင်နှင့် အမည်းရောင်ကို အများဆုံးသုံးထားပြီး ဆွဲထားသည့်ပုံက ညဘက်မှာ လရောင်ကြောင့် မြင်တွေ့နေရသည့် ချောင်းငယ်လေးပုံ။ တံတားလေးတစ်ဆင်းရှိနေပြီး တံတားပေါ်မှာ ကောင်လေးတစ်ယောက်ရှိနေသည်။

သို့ပေမယ့် ဒွန်း‌နားမလည်နိုင်သည်က ဘာကြောင့်များ ချောင်းရေတွေက အနီရောင် ဖြစ်နေရတာလဲ။ နိုဗယ်လင်းက သူဆွဲပြီးသားပုံတွေမှာ လက်မှတ်ထိုးလေ့မရှိပေမယ့် နေ့စွဲတော့ တပ်လေ့ရှိသည်။ ဒီပန်းချီကားကတော့ မပြီးဆုံးသေးဟန်ပေါ်သည်။ ပန်းချီးကားအောက်ခြေတွင် နေ့စွဲမတပ်ထားပေ။

ဒွန်း ပန်းချီကားကို စိတ်၀င်တစား ကြည့်နေရင်း နိုဗယ်လင်း၏ စိတ်ကို ခန့်မှန်းကြည့်မိသည်။

နိုဗယ်လင်းက အရောင်တောက်တာတွေကို မုန်းတယ်။ အထူးသဖြင့် အနီရောင်။ ဒါပေမယ့် ဒီပန်းချီကားမှာ အနီရောင်တွေချည်း အများဆုံးသုံးထားတယ်။ ဒါက သူ့ရဲ့ စိတ်အခြေအနေကို ပြနေတာများလား။ စိတ်ခံစားမှုကို မျက်နှာမှာ မဖော်ပြနိုင်သည့်သူက ထိုခံစားမှုတွေကို ထုတ်ပြဖို့ ပုံစံတစ်ခုခုကို သုံးမယ်ဆိုရင် ဒီပန်းချီကားတွေက နိုဗယ်လင်းရဲ့ စိတ်ခံစားချက်တွေ ချပြရာ နေရာလား။

ဗဟေဠိများနှင့် အိပ်စက်ရသော ညက အိပ်ပျော်စေဖို့ အတော်ကို ကြိုးစားနေရသည်။ နိုဗယ်လင်းက တစ်ညနေလုံး အိပ်ပျော်နေသည်။ ဒွန်း အိပ်မပျော်တာကြောင့် နိုဗယ်လင်းအခန်းဆီပဲ သွားပြီး သူ့ဘေးမှာ ၀င်အိပ်မိသည်။ ထိုအခါမှ ဘေးနားက ကိုယ်ငွေ့နွေးနွေးကြောင့် အိပ်ပျော်သွားခဲ့ရသည်။

"အင်း"

ဒွန်းမျက်လုံးထဲကို အလင်းရောင်ရောက်လာမှ အပျင်းကြောဆန့်မိသည်။ မျက်လုံးဖွင့်ကြည့်မှ သူရောက်နေသည်က နိုဗယ်လင်း၏ အခန်းတွင်းမှာ ဖြစ်ပြီး နိုဗယ်လင်းကတော့ အနားမှာ ရှိမနေတော့ပါ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now