Extra Part 1 (Zawgyi)( Coming out)

31.2K 2.6K 210
                                    

တရားဝင် ဖွင့်ဟ ၀န်ခံခြင်း
------------------

တက်စီလေးတစ်စီးက နီလာဂေဟာကို ဆိုက်ရောက်ခဲ့ပြီ။ တော်တော်လေးမှောင်နေပြီ ဖြစ်တာကြောင့် ပတ်ဝန်းကျင်တွင် လမ်းမီးများပင် ထွန်းထားချေပြီ။ နိုဗယ်လင်းကို သူ့ကျောပိုးအိတ်လေးပဲ လွယ်ခိုင်းလိုက်ပြီး ကျန်တာအကုန် ဒွန်းကသယ်ကာ တံခါးနားထိ လျှောက်သွားကြသည်။

ဘဲလ်တီးလိုက်တော့ အထဲမှ Gramelဆိုသည့် ဦးလေးကြီးက တံခါးလာဖွင့်သည်။

"အိုး နိုနိုလေးပါလား၊ လာလာ အထဲဝင်ကြ၊ မနေ့ကလာမယ်ထင်လို့ ငါတို့မျှော်နေကြသေးတာကွ"

ဦးလေးကြီး၏ စကားကို ဒွန်းတို့က ခေါင်းညိတ်အသိအမှတ်ပြုပြီး အထဲသို့ ၀င်သွားရသည်။

"ဒွန်းတို့ ရောက်လာပြီလား၊ လာကြ လာကြ၊ နိုနိုလေးရဲ့ အရင်အခန်းကိုပဲ ပြင်ပေးထားတယ်၊ ဒီညတော့ နားလိုက်ကြတော့နော်"

အန်တီနီလာကပါ ရောက်လာပြီး ဒွန်းတို့ကို ကြိုဆိုသည်။ ကြည့်ရတာ ကလေးတွေကတော့ အိပ်သွားပုံရသည်။

"အိုး၊ နိုနိုလေး ခန္ဓာကိုယ်လေး ပြည့်လာတယ်၊ ကိုကိုနဲ့ နေရတာ စိတ်ချမ်းသာတယ်ပေါ့ ဟုတ်လား၊ လာပါဦး မွှေးမွှေးပေးဦးမယ်"

အန်တီနီလာက လက်ကမ်း၍ ခေါ်တော့လည်း နိုဗယ်လင်းက အနားတိုးသွားပြီး ပါးလေးထိုးပါသည်။ ဒွန်း စဉ်းစားမိတာက ဘယ်သူမဆို နမ်းချင်တယ်လို့ ပြောလိုက်တာနဲ့ ဒီကောင်လေး ပါးထိုးပေးဖို့ အစီအစဉ်ရှိသလား မသိဘူး။ ဒွန်းက မချိပြုံးပြုံးရသည်။ နိုဗယ်လင်းကို နမ်းခွင့်ရတာ သူတစ်ယောက်တည်းတော့ မဟုတ်ခဲ့ဘူး။

သူတို့နှစ်ဦး အခန်းထဲရောက်တော့ ဒွန်းက အထုတ်တွေ ချပြီး ကုတင်ပေါ်တွင် ထိုင်နေသော နိုဗယ်လင်း၏ အနားသို့ သွား၍ ဘေးတွင်ကပ်ထိုင်လိုက်သည်။ ပခုံးလေးကနေဆွဲလိုက်ပြီး ကုတင်ပေါ်ကို ကန့်လန့်ဖြတ် လဲချလိုက်သည်။ ရင်ခွင်ထဲကို မှောက်ရက်လေးပါလာသည့် နိုဗယ်လင်းက ခေါင်းထောင်၍ ဒွန်းကို မော့ကြည့်သည်။ မျက်လုံးဝိုင်းလေးများက မြတ်နိုးဖွယ်အတိ။

"နမ်းချင်တယ်"

ဒွန်း၏ စကားကိုကြားတော့ နိုဗယ်လင်းက ရင်ခွင်ထဲကို ပြန်ဝင်သွားသည်။ သူ့ကြည့်ရတာ တချိန်လုံး နမ်းနေလို့ ဒွန်းကို ပေးမနမ်းချင်တော့သည့်ပုံ။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now