P 7

49.2K 6.9K 126
                                    

ဒွန်းတို့ ပြန်ကြတော့မည်။ Limကတော့ စိတ်မကောင်းစွာပဲ နိုဗယ်လင်းကို ပွေ့ဖက်နှုတ်ဆက်ပြီးနောက် ချက်ချင်းပဲ ပြန်ထွက်သွားသည်။ နောက်နေ့ လေယာဉ်ချိန်က အရမ်းစောတာကြောင့် ဒွန်းတို့ ထွက်လာစဉ်က နေတောင် မထွက်သေးပေ။ နိုဗယ်လင်းကတော့ ဒီအချိန်ကို ကြိုက်ပုံပေါ်သည်။ သူ့ကို ဆွဲ၍ နှုတ်ဆက်မည့် ကလေးများက မနိုးကြသေးပေ။ လူအနည်းငယ်ကို နှုတ်ဆက်ကာ လေဆိပ်ဆီကိုရောက်မှ မနက်စာစားလိုက်ကြသည်။ ထုံးစံအတိုင်း ဟမ်ဘာဂါကို လှီးပေးလိုက်ပြီး သူ့အရှေ့ချပေးမှ စားသည်။

လေယာဉ်ပေါ်တွင်တော့ နိုဗယ်လင်းက မအိပ်ဘဲ အပြင်ဖက်ကိုသာ ငေးကြည့်နေသည်။
ဒွန်းကတော့ စာဖတ်လိုက် အိပ်လိုက်ဖြင့် ရန်ကုန်လေဆိပ်ရောက်လာသည်အထိပဲ။

လေဆိပ်ရောက်တော့ ကျောပိုးအိတ်တစ်ယောက်တစ်လုံးစီနှင့် နိုဗယ်လင်း၏ ခရီးဆောင်အိတ်သာပါတာကြောင့် ပေါ့ပါးနေသည်။ နိုဗယ်လင်း၏ ပန်းချီများကို ရောင်း၍ ဂေဟာအတွက် ရန်ပုံငွေရှာရန် ပေးထားခဲ့ပြီး အ၀တ်အစားအချို့ကိုသာ သယ်လာခဲ့ခြင်းဖြစ်သည်။

ခရီးသွားလျှင် ခဏခဏ ပျောက်တတ်သည့် နိုဗယ်လင်းကြောင့် ခရီးဆောင်အိတ်ကို တစ်ဖက်ကဆွဲ သူ့လက်ကို တစ်ဖက်က ဆွဲကာ လူကြားထဲမပျောက်အောင် အပြင်ဘက်ထိ လျှောက်လာခဲ့သည်။

"ဒွန်း ငါဒီမှာ"

မိန်းကလေးတစ်ဦး၏ အသံကိုကြားတော့ ဒွန်းပြုံးပြနှုတ်ဆက်လိုက်သည်။ မေမိုးမဒီ ဟူသော မိန်းကလေးက စွဲမက်ဖွယ်ကောင်းသော အပြုံးကို ပန်ဆင်ထား၍ လက်ပြနှုတ်ဆက်နေသည်။

ရှက်ဖို့ကောင်းလောက်အောင်ပဲ ဒွန်းငယ်ငယ်က နှစ်နှစ်ကြီးသော မေမိုးမဒီကို လက်ထပ်ချင်၍ အမေ့ကို ဂျီကျ ဂျစ်တိုက်ခဲ့ဖူးသည်။ အခုအချိန်မေးလျှင်လည်း မပြောင်းလဲပဲ ဖြေဖြစ်မည်ထင်သည်။ မက ကျွန်တော် လိုချင်တဲ့ မိန်းကလေးပုံစံနဲ့ တစ်ထပ်တည်း ကျနိုင်လွန်းသည်။

တကယ်ဆို အလုပ်များသည့် မ က လာကြိုမယ်မထင်ထားခဲ့။ နိုဗယ်လင်း ပါလာမည်ဟု ပြောတာကြောင့် လာကြိုတာဖြစ်ရမည်။ နိုဗယ်လင်းနှင့်လည်း မေမိုးမဒီက သိပ်ကို ရင်းနှီးခဲ့သည်မလား။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now