P 42

55.9K 7.5K 580
                                    

"ဦးနောင်တို့နဲ့ စကားခဏ ပြောမလား ဒွန်း"

ဒွန်းက စကားမပြောဘဲ ငြိမ်နေတာ တစ်ပတ်လောက် ရှိပြီမို့ ကြီးကြီးရော ဦးနောင်ကပါ ဒွန်းကို စိတ်ပူလာသည်။ ထို့ကြောင့် အကြောင်းစုံမေးရန် ခေါ်လာခြင်းဖြစ်သည်။ ဒွန်းက အခုလက်ရှိ နိုဗယ်လင်း၏ အခန်းမှာပဲ အိပ်သည်။ အစကတော့ သူ့ညီလေးကို လွမ်းနေရှာတယ်ဟု တွေးပေမယ့် တစ်ခါတစ်လေ ဒွန်းက သက်ပြင်းအရှည်ကြီးတွေ ချနေတတ်တာကိုလည်း တွေ့ရသည်မို့ လူကြီးတွေလည်း မနေသာတော့ပေ။

"ဒွန်း အခုတလော အစားလည်း သိပ်မစား၊ စကားလည်း မပြောတော့ ကြီးကြီးက စိတ်ပူနေတာ၊ ဒွန်း မိန်းကလေးတစ်ယောက်ယောက်ကြောင့် အသည်းကွဲနေတာလား"

ဒွန်းက သက်ပြင်းချ၍ ခေါင်းရမ်းသည်။ သူ အသည်းကွဲတာ မဟုတ်ပါဘူး။ သူ လွမ်းနေတာပါ။

"ကျွန်တော့်မှာ ၀န်ခံစရာတစ်ခုရှိတယ်"

ဒွန်း၏ ၀န်ခံမည်ဆိုသော စကားကြောင့် လူကြီးများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ သူတို့မသိတဲ့ ဒွန်းအကြောင်း ရှိနေသေးလို့လား။

"ကျွန်တော် နိုဗယ်လင်းကို ချစ်နေမိပြီ ကြီးကြီး"

ဒွန်း၏ စကားကို နားမလည်သည့် ကြီးကြီးက နိုဗယ်လင်းကို ချစ်တာ ဘာထူးဆန်းလို့လဲ ဆိုသည့် မျက်လုံးမျိုးဖြင့် ကြည့်သည်။ ဒွန်း အခုလောလောဆယ် အရမ်း ရင်ဖွင့်ချင်နေပြီမို့ သူမျိုသိပ် မထားနိုင်တော့ပါ။

"ညီလေးလို မဟုတ်ဘဲ၊ ကျွန်တော်သူ့ကို ချစ်သူတစ်ယောက်လို၊ လက်တွဲဖော်တစ်ယောက်လို ချစ်မိနေတယ်"

ဒွန်းပြောရင်း အိမ်အပြင်ဘက်ကို ငေးကြည့်သည်။ သူတို့ စကားဝိုင်းက အတန်ကြာအောင် တိတ်ဆိတ်သွားသည်။ ဒွန်းက အချိန်ယူ၍ နောက်ထပ်စကားဆိုသည်။

"ကျွန်တော်မရှိရင် သူမနေနိုင်ပါဘူးဆိုတဲ့ စိတ်တစ်ခုနဲ့ ရှင်သန်ခဲ့တယ်၊ တကယ်တမ်း သူမရှိတော့မှ လိုအပ်နေခဲ့တာ ကျွန်တော်ကိုယ်တိုင်ပဲဆိုတာ သိလိုက်ရတော့တယ်"

ဒွန်းက ရင်နာစွာ ပြုံးရသည်။ သူ့အဖြစ်က စုပ်လည်းဆူး၊ စားလည်းရူးတော့မယ်။

2. ချစ်ဝဲဂယက်မှာ မင်းနဲ့ငါ(ခ်စ္ဝဲဂယက္မွာ မင်းနဲ့ငါ) CompletedWhere stories live. Discover now