(1)

5.9K 185 1
                                    

Zawgyi

ပျင်းခြောက်ခြောက်နဲ့'O'မြို့ရဲ့ညနေခင်းတွေကတစ်ကယ့်ကိုစိတ်ပျက်စရာကောင်းသည်။တိုက်အိုတွေနဲ့ ရှုပ်ထွေးတဲ့လမ်းကြားထဲမှာလည်း ညစ်ညမ်းတဲ့အနံ့သက်တစ်ချို့ပဲရှိသည်။ယိမ်းယိုင်နေတဲ့ အခန်းငယ်ထဲတွေထဲမှာ နေထိုင်သူတွေက ဇာတိခံတွေနဲ့ လက်လုပ်လက်စား အလုပ်သမားတစ်ချို့ကလွဲပြီးမရှိ။မြို့ရဲ့ ခပ်လှမ်းလှမ်းမှာ စီးဆင်းမှုအားသန်တဲ့ မြစ်ငယ်တစ်စင်းရှိပေမဲ့ ပတ်ဝန်းကျင်ကထိုနေရာဒေသတစ်ဝိုက်နားတွင်သာ သစ်လွင်သည်။လူအရောက်နည်းပြီး လည်ပတ်ကြည့်ရှုစရာမရှိသည့် ထိုမြို့က ယိုယွင်းပြီး အစိုးရ၏မျက်ကွယ်ပြုရာ မြို့ဟောင်းတစ်ခုထက်မပိုပေ။ကျောင်း ဈေး အလုပ်ရုံ အားလုံးဟာ တိုးတက်မှုနှေးကွေးစွာဖြင့်သာလည်ပတ်နေကြသည်။

စက်ချုပ်ခြင်း မုန့်ရောင်းခြင်းနဲ့ သာမာန်အစိုးရဝန်ထမ်းလုပ်ငန်းတွေက 'O'မြို့ရဲ့ပုံမှန်ဝင်ငွေစီးဆင်းသောအလုပ်တွေပင်။မြစ်ဆိပ်နေရာနားက ငါဖမ်းသမားတစ်ချို့ကတော့ချွင်းချက်ပေ။

သာမာန်မြို့လေးမှာမွေးဖွားလာပြီး သာမာန်မြို့လေးမှာ ကြီးပြင်းလာတဲ့လူတွေအားလုံးကလည်းသာမာန်ပါပဲ။မာန်မာနကင်းကင်းနဲ့ ကိုယ်လုပ်စရာရှိတာကိုလုပ်ပြီး ထမင်းဝရင် စိတ်အေးလူအေး ဖြစ်နေကြတဲ့လူမျိုးပေါ့။

လေပြေတဖြူးဖြူးတိုက်နေတဲ့မြစ်ကမ်းဘေးကလမ်းတစ်လျှောက်မှာသီချင်းသံသဲ့သဲ့ကိုခပ်တိုးတိုးငြီးတယ်။ဝမ်းနည်းစရာအသဲကွဲသီချင်းတွေလည်းမဟုတ်သလို ကြည်နူးစရာအချစ်သီချင်းလည်းမဟုတ်ပါ။နံနက်ခင်းradio Channel တွေမစခင်ဖွင့်လေ့ရှိတဲ့ နိုင်ငံတော်သီချင်းပါပဲ။တက်ကြွပြီးလန်းဆန်းမှုရှိတယ် လွမ်းဆွေးမှုကင်းပြီး အားမာန်အပါဆုံးသီချင်းတပုဒ်ပါပဲ။

မြစ်ကြောကမရှည်ပါဘူး ဒါပေမဲ့မြစ်ပြင်ကတော့မျက်စိတစ်ဆုံးကျယ်ပြန့်တယ်။ဒီလိုနေဝင်ရီတရောအချိန်ဆိုရင် ပုစွန်ဆီရောင်တလက်လက်ရေပြင်နဲ့ ခိုတစ်ချို့တဖျတ်ဖျတ်ပျံနေတဲ့ မြင်ကွင်းက တစ်ကယ်ပဲကြည့်လို့ကောင်းတယ်။

လေတိုက်သံကတဝူးဝူးနဲ့ဖြစ်မနေဘူး။သူနှင်းနေတဲ့အရှိန်ကခပ်ဖြေးဖြေးမလို့လေ...
မြစ်ကြောဆုံးရင် တိုက်အိုတွေကြားထဲကို သူ့ရဲ့စက်ဘီးစုတ်လေးက ခြေဦးလှည့်ရတော့မည်ဖြစ်သည်။နွေးထွေးပြီး မီးရောင်ရှိတဲ့အိမ်လေးကိုသူမြန်မြန်ရောက်ချင်ပေမဲ့ ဖြတ်ကျော်သွားရမဲ့ လမ်းပဲ့တွေနဲ့ အမှိုက်ပုံငယ်တစ်ချို့ကိုတော့လုံးဝကိုနှစ်မြို့မနေပေ။

Remember me❣(YiZhan)Where stories live. Discover now