(28)

768 85 13
                                    

Zawgyi
မြစ်ထဲကရေတွေဟာ တသိမ့်သိမ့်နဲ့ လှုပ်လဲ့ကာရွေ့နေသည်။အချိန်က ညနေစောင်းတော့မည်မို့ နေလုံးကတစ်ဖက်ကိုသိသိသာသာနိမ့်ဆင်းနေလေပြီ။
အဝေးမှာရှိနေတဲ့လှေသေးသေးလေးတွေနဲ့ စက်လှေငယ်တွေကိုရှောင်းကျန့်ကတွေတွေလေးငေးတယ်။အဖြစ်ပျက်တွေကမြန်ဆန်လွန်းလို့ သူဘာကိုမှလိုက်မမှီတော့ပေ။

ကောင်လေးကသူ့ဆီကိုလွန်ခဲ့တဲ့လတွေတုန်းကရောက်လာခဲ့ပြီးသူ့ဘဝထဲကိုတစ်စစနဲ့တိုးဝင်ခဲ့သည်။အခုတော့ ထပ်ပြီးသူ့ဘဝထဲကထွက်သွားကာ မသိလိုနေနေပြန်သည်။ကံကြမ္မာဆိုတာကလည်းသိပ်ကိုမှကျီစားလွန်ပါသလား ! ဟိုးရင်ဘတ်အဆုံးထဲထိနစ်ဝင်စေခဲ့ပြီးမှ ဘာလို့များ ပြောင်းလဲပြစ်လိုက်ရပါသလည်း။

သူအခုစိတ်ဓာတ်ကနေတယ်ဆိုတာက အကြမ်းဖျင်းအားဖြင့်ပြောရမယ်ဆိုရင်နည်းနည်းလေးမှန်တယ်။ဒါပေမဲ့ ဒါက သူဝမ့်ကိုလုံးဝဥဿုံလက်လျှော့လိုက်ပြစ်ဖို့တွေးထားတာတော့မဟုတ်ဘူး။ဝမ်ကသူ့အချစ်ဦး … တစ်ကြိမ်တစ်ခါသာချစ်မိခဲ့သော အချစ်ရဆုံးသူ~ဒီလို သူ့ကိုမေ့သွားတယ်ဆိုတာနဲ့ပဲလက်လျှော့လိုက်ပြစ်ဖို့ကလည်းသိပ်ကိုမှမိုက်မဲလွန်းရာကျနေတယ်။ဝမ်ကသူ့ကိုမေ့သည်ဖြစ်စေ သတိရသည်ဖြစ်စေ အကယ်၍နှလုံးသားထဲမှာသူသာရှိနေသေးရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပေါင်းဖက်လို့ရနိုင်သေးတာပဲလေ… သူကြိုးစားကြည့်ချင်သေးတယ်။အဆုံးထိ ! သူကိုယ်တိုင်လက်မခံနိုင်မှပဲအရှုံးပေးမယ်။

>>>>>>>>>>>>>>

ဆေးရုံကVIP roomမှာခပ်မတ်မတ်ထိုင်နေတဲ့ဝမ်ရိပေါ်က မကျေမနပ်ဖြင့်အသက်ကိုခပ်ပြင်းပြင်းရှုထုတ်လိုက်သည်။ဘာလို့လည်း !ဒီလတွေထဲမှာ သူကတိုက်အိုတွေကြားထဲမှာနေခဲ့ရပြီး နုံနုံအအလူတစ်ယောက်နဲ့လည်းအကြည်စိုက်နေခဲ့သေးသည်ဆိုပဲ။ဒါဘယ်လိုတောင်သောက်အဓိပ္ပာယ်မရှိလိုက်တဲ့ဖြစ်စဉ်ကြီးလည်း။

"ဘာပဲဖြစ်ဖြစ် သူတို့ကမင်းကိုကူညီပေးခဲ့တဲ့လူတွေပဲလေ ! မင်းဘာလို့ကျေးဇူးကန်းနေရတာလည်း "

"မင်းပါးစပ်ကိုအခုထိမပိတ်သေးဘူးလား … ခွေးရူးလိုသူငယ်ချင်း ငါ့ကိုတွေ့နေရဲ့သားနဲ့လျစ်လျူရှုလိုက်သေးတယ် "

Remember me❣(YiZhan)Where stories live. Discover now