(40)

782 86 3
                                    

Unicode

ကားပြတင်းပေါက်ကဝင်လာတဲ့လေတွေက ခပ်အေးအေးပင်။ရှောင်းကျန့်က မျက်လုံးကိုအသာမှိတ်ကာ မျက်နှာပေါ်ကိုပွတ်သပ်ကျီစယ်သွားတဲ့ လေပြေတချို့ရဲ့အထိတွေ့ကို ခံစားမိနေသည်။ချမ်းတာတော့ချမ်းတယ် …  ဒါပေမဲ့နွေးသလိုပါပဲ။ဟက် …

"ကော အေးနေလား ! ပြတင်းပေါက်ပိတ်လိုက်ရမလား "

ကားမောင်းနေတဲ့လူက သူ့ကိုမကြာခဏကြည့်ပြီး တတွတ်တွတ်နဲ့ ဟိုဟာဒီဟာပြောနေသည်။ဝမ်ကတော့ ဝမ်ပါပဲ …အမြဲတမ်း ဟိုစိုးရိမ်ဒီစိုးရိမ်နဲ့ ဘာကောင်လေးမှန်းမသိဘူး။

"ရတယ် ဘာမှမဖြစ်ဘူး ! မင်းသာအရှေ့ကိုကြည့်ပြီးပဲမောင်း ငါမိန်းမ မရပဲမီးဖိုထဲမရောက်ချင်သေးဘူး "

ရှောင်းကျန့်ရဲ့ ရွှတ်နှောက်နှောက်စကားကြောင့် ဝမ်ရိပေါ်ရဲ့ မျက်ခုံးတွေက တစ်ချက်တွန့်သွားသည်။အဲ့တာက ဘာစကားလည်း ! မိန်းမယူမယ်ပေါ့လေ။ဒါက ဘယ်လိုအဓိပ္ပာယ် ရောက်သွားပြီလည်းဆိုတာရောသူ့ကို့သူရောသိရဲ့လား။

"ကောက မိန်းမလိုချင်သေးတယ်ပေါ့ …  ယူမဲ့လူရောရှိလို့လား "

"ဟက် ! သိပ်ရှိတာပေါ့ ကျောင်းတုန်းကဆို ငါက King လေ ။ နေ့တိုင်း မုန့်တွေအအေးတွေဆိုတာခုံပေါ်မှာအပြည့်ပဲ"

"ပေါက်တတ်ကရတွေကို ယုံရအောင် ကျွန်တော်က ကလေးလား "

"မယုံလည်း ကောင်မလေးနှစ်ယောက်လောက် ဘယ်တစ်ဖက်ညာတစ်ဖက်ထားပြီး လက်တွေ့ပြရသေးတာပေါ့ "

"လုပ်ရဲရင်လုပ်ကြည့်လိုက်ပေါ့ "

ခပ်တိုးတိုးသာပြောလိုက်တဲ့စကားကို ရှောင်းကျန့်က သေသေချာချာမကြားလိုက်။တည်တန့်နေတဲ့မျက်နှာထားကြောင့် ဆက်ပြီးစဖို့စိတ်မပါတော့ပဲ ဆိတ်ဆိတ်နေလိုက်ရပြန်သည်။ဒီကောင်လေး အလိုက်ထိုက်နေတတ်ဖို့သင်ပေးလို့ကိုမရဘူး။

အသက်အရွယ်လေးနဲ့မှမလိုက် စကားပြောကြမ်းတာလည်းလွန်ရော။မသိတဲ့ဘေးလူဆိုရိုင်းတယ်လို့မှတ်ချက်ပေးမှာ မလွဲဘူး။သင်ပေးစရာမလိုတဲ့ သူများကိုအရွဲ့တိုက်ဖို့ ခနဲ့ဖို့ကျသိပ်တတ်ပြန်ရော။ဝမ်ရိပေါ်က နားလည်ဖို့ခက်ပေမဲ့ သေချာပေါက်ကြီးနားမလည်နိုင်တာတော့မဟုတ်ပါဘူး။တခြားလူတွေသာ ခက်ခဲရင်ခက်ခဲမှာ ရင်ဘတ်ချင်းအနီးကပ်ဆုံးရှိနေတဲ့သူကတော့ ခက်မနေပါဘူးလေ...

Remember me❣(YiZhan)Where stories live. Discover now