Unicode
တိတ်ဆိတ်နေတဲ့အခြေနေမှာရှောင်းကျန့်က နေရထိုင်ရတာဘယ်လိုမှအဆင်မပြေ။ကားပေါ်မှာထဲက စကားတစ်လုံးမှမပြောတော့တဲ့လူက အခုစားသောက်ဆိုင်ရောက်တဲ့အထိ တစ်ခွန်းမှမဟတော့ပေ။သတိမထားပဲ ပါးစပ်မထိန်းနိုင်တဲ့ သူ့ရဲ့အမှားပါပဲ။သက်သက်မဲ့ တစ်ဖက်ကိုလူအတွေးများအောင်လုပ်မိသွားတယ်။
"ရိပေါ် ... ဘာဖြစ်နေတာလည်း "
steak ပန်းကန်ထဲကအသားကို သေသေချာချာလှီးဖြတ်ပေးနေတဲ့ဝမ်ရိပေါ်က ခေါင်းပဲအသာယမ်းပြတယ်။တည်နေတဲ့မျက်နှာထားကြောင့် ရှောင်းကျန့်က မျက်စိရှေ့မှာရှိနေတဲ့ ဟင်းကောင်းတွေကို ထိဖို့ဆန္ဒမရှိတော့ဘူး။ဒီကောင်လေးဘာကိုကောက်လို့ ကောက်နေမှန်းမသိ။
"အသားကနည်းနည်းမာနေလားမသိ.... ကောစားကြည့်လိုက် မကောင်းရင်ပြန်ပြင်ခိုင်းရအောင် "
အသင့်စားယုံဖြစ်နေတဲ့ အသားတုံးတွေကိုကြည့်ပြီး ရှောင်းကျန့်က ခက်ရင်းနဲ့တစ်ချက်ထိုးယူလိုက်တယ်။မွှေးနေတဲ့ ဒီအသားတုံးက စားချင်စရာကောင်းနေတာ ငြင်းမရပါပဲ။အလေးကြိုက်တဲ့သူ့အတွက် ဒီအရသာကအတော်ပဲ။နူးညံ့နေတဲ့ အသားက ပါးစပ်ထဲမှာတဖြေးဖြေးပျော်ဝင်သွားပြီး အရသာရှိစေတယ်။
"ကောင်းတယ် ဘာမှမလိုတော့ဘူး "
ဝမ်ရိပေါ်က အသိမှတ်ပြုယုံခေါင်းတစ်ချက်ငြိမ့်ပြီး ဘာမှထပ်မပြော။ရှောင်းကျန့်တကယ်စိတ်ညစ်လာပြီ။ယောကျာ်းလေးတစ်ယောက်က ဘာလို့အဲ့လောက်ထိကောက်နိုင်ရတာလည်း။
"ဒါနဲ့လေ ရိပေါ် ..... "
တီ ~ တီ
စကားစဖို့ပြင်လိုက်ပေမဲ့လည်း ရုတ်တရက်ဝင်လာတဲ့ဖုန်းသံကြောင့် ရှောင်းကျန့်ကထပ်မပြောတော့ပေ။
"ဟုတ်ကျဲ … ကျွန်တော်တို့နဲ့နီးနီးလေးပဲလေ အင်း လာခဲ့လိုက်ကျွန်တော်ထွက်ပြီးစောင့်နေမယ် "
တရင်းတနှီးနဲ့စကားပြောပုံတွေကြောင့်ရှောင်းကျန့်က တစ်ဖက်ခြမ်းကလူကိုသိချင်သွားသည်။စောစောက မှိုင်းနေတဲ့မျက်နှာကချက်ချင်းအရောင်ပြောင်းသွားတော့ ပိုလို့တောင်သိချင်သွားသေးသည်။ဒီဝမ်ရိပေါ် သိပ်ကိုမှအပြောင်းလဲမြန်ပါလား။
YOU ARE READING
Remember me❣(YiZhan)
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......