Zawgyi
~ ထပ်ပြီးတော့ ဦးနှောက်ကိုဆန့်ကျင့်တာတွေမလုပ်ပါနဲ့တော့။အဲ့တာခများအတွက်အန္တရာယ်ရှိတယ်။ကျွန်တော့်စကားခများနားမထောင်ရင် ခများအတိတ်ကမှတ်ညဏ်တွေလုံးဝပြန်ရောက်မလာနိုင်တာမျိုးဖြစ်နိုင်တယ်နော် ~
ဝမ်က ဆရာဝန်ပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်ရင်း ခပ်ဝေးဝေးကတိုက်အိုတွေကိုငေးတယ်။သူတကယ်ဖြစ်စေချင်တာထိုကဲ့သို့ပဲလေ။သူ့ရဲ့မှတ်ညဏ်တွေ ဦးနှောက်ထဲကလုံးဝပျောက်ကွယ်သွားတာမျိုး။ဒါပေမဲ့ သူကြောက်နေတယ် ထိုအရာတွေမဟုတ်ပဲ ဆရာဝန်ရဲ့နောက်ထပ်ခန့်မှန်းခြေတွေဖြစ်လာမှာကို!
~အကယ်၍ လွဲချော်ပြီး ခများဦးနှောက်သာလုံ့ဆော်မှုတစ်ချို့နဲ့တွေ့သွားခဲ့ရင် အတိတ်ကမှတ်ညဏ် ဒါမှမဟုတ်ယခုလက်ရှိမှတ်ညဏ် မဟုတ်လည်းနှစ်ခုလုံးပျောက်သွားတာမျိုးဖြစ်နိုင်တယ်။အဲ့တော့ ပေါ့ပေါ့တန်တန်မတွေးနဲ့ဗျာ ~
ကျန်တာတွေအကုန်ပျောက်ကွယ်သွားရင်တောင် သူ့ရဲ့စိတ်ဝိညာဉ်ထဲမှာကောနဲ့ပတ်သတ်တဲ့ မှတ်ညဏ်တွေတော့မဖြစ်ဘူး။အခုသူဘာဆက်လုပ်ရမယ်ဆိုတာစဉ်းစားလို့မရဖြစ်နေသည်။စိတ်အာရုံတွေထွေပြားပြီးရွေးချယ်ရခက်နေသည်။
"ဝမ့် ! "
နားထဲဝင်လာတဲ့အသံဆူးဆူးကြောင့် ဝမ်ကခေါင်းကိုဆတ်ကနဲစောင်းလိုက်သည်။မသိလိုက်ပါပဲတုန့်ပြန်မိလိုက်တာက ကျစ်ကနဲဆုပ်သတ်မိခြင်း…
တရားခံကိုအသေချာမော့ကြည့်မိမှ ကိုယ့်အသည်းညှာလေးဖြစ်မှန်းသိသည်။မျက်မှောင်ကုပ်ပြီးတည်တင်းနေပုံထောက်တော့ စိတ်ခုစရာဖြစ်သွားပြီထင်သည်။
"မင်း အလိုမကျတာကြီးပဲ… ခေါ်နေတာကိုမကြားတာလား !မကြားချင်ယောင်ဆောင်နေတာလား "
"ဆောရီး ကော ကျွန်တော်အတွေးလွန်သွားလို့ "
"ထားလိုက် ! အခု ဟိုလမ်းမဘက်က ဈေးကိုသွားမှာလိုက်ခဲ့"
"အင်းသိပြီ "
ရွှတ် …
ဝမ်က အသက်လေးရဲ့နှိုးဆော်မှုကြောင့်ထိုင်နေရာကနေထကာ လေ
အနည်းငယ်သာဝင်သောပြတင်းပေါက်ကိုပိတ်လိုက်သည်။သူ့ရဲ့ညစ်ညမ်းနေတဲ့အတွေးတွေကို ခဏတာဖယ်ဖျောက်လိုက်ပြီး ကောရဲ့ ရဲတဲတဲလေးဖြစ်နေတဲ့ပါးတစ်ဖက်ကိုအသံမြည်အောင်နမ်းရှုံ့လိုက်သည်။သူဒီလိုလေးပဲနေချင်ပါသေးသည်။ဘုရားသခင်ကသာသူ့ကို ဒီထက်ပိုပြီးအခွင့်ရေးပေးဖို့ စဉ်းစားလျှင်သိပ်ကောင်းမည်~
YOU ARE READING
Remember me❣(YiZhan)
Fanfictionကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ...... ကျွန်တော်မမှတ်မိတဲ့အကြောင်းရာတွေကို ခဏမေ့ထားပြီး လက်တွေ့မှာအနေနီးအောင်ကြိုးစားကြမယ်လေ ......